ကစားသမားသစ်အချို့ကိုလည်း ‌ခေါ်ယူထားနိုင်ပါတယ်။
Kyaw Ko Ko Sint

အသင်းမှာရှိတဲ့ ကစားသမားကောင်းအချို့ ပုံမှန် ပွဲထွက်ခွင့်မရလို့ လာမယ့် ဇန်နဝါရီမှာအသင်းပြောင်းကြတော့မှာ ဖြစ်ပြီး ကလော့ပ်ဖက်ကလည်း လက်လွှတ်ဖို့များပါတယ်။

Sportskeeda သတင်းဌာနရဲ့ ဖော်ပြချက်အရ အဒန်လယ်လာနာကတော့ လာမယ့် ဇန်နဝါရီမှာ အသင်းက ထွက်ဖို့ ရှိနေလို့ နည်းပြကလော့ပ်က ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

လယ်လာနာကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ဖို့ ကလော့ပ်က ကြိုးပမ်းနေပြီး မကြိုးပမ်းနိုင်ပါက နှစ်ကုန်ရင် အလွတ်ပြောင်းရွှေ့ခွင့် ပြုရတော့မှာပါ။



အခုချိန်မှာတော့ စာချုပ်သက်တမ်းပြည့်ဖို့ ၆ လသာ ကျန်တော့ချိန်မှာ လယ်လာနာအနေနဲ့ အသင်းနဲ့ ဆက်နေဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နိုင်သလို အခြားအသင်းတွေနဲ့လည်း ဆက်သွယ်ကမ်းလှမ်းမှုတွေ ပြုလုပ်နေခဲ့ပြီ ဖြစ်တာပါ။

လယ်လာနာကတော့ လီဗာပူးမှာ ဒီရာသီကုန်ရင် ၆ နှစ်ပြည့်မှာ ဖြစ်ပေမယ့် ဂျာမန်လူမျိုး ကလော့ပ်အတွက်တော့ ပထမ ဦးစားပေး ကစားသမားအဖြစ် သတ်မှတ်ခြင်း မခံရတာကြောင့်လည်း အခုလို အသင်းပြောင်းဖို့ လုပ်ဆောင် နေရခြင်းဖြစ်ပါတယ်။

လယ်လာနာနည်းတူ ကလိုင်းလည်း ဇန်နဝါရီမှာ ထွက်တော့မယ်လို့ Sky Sport သတင်းဌာနက ဖော်ပြလာပြီး ကလိုင်းကလည်း ကလော့ပ်အတွက် အဓိက အားထားခဲ့ရသူ ဖြစ်ပေမယ့် ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ လူငယ် ကစားသမား အာနိုးလ်က ခြေစွမ်းပြမှုကြောင့် အခုလို အသင်းပြောင်းဖို့ ဖြစ်လာတာပါ။

ကလိုင်းအနေနဲ့ ညာနောက်ခံလူနေရာမှာ ကစားဖို့ဆိုရင် အသက်အရွယ်အရ အကျဖက်ရောက်နေသည့်တိုင် ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ကစားနေနိုင်တဲ့ ဒုတိယ အသင်းခေါင်းဆောင် ဂျိမ်းစ်မီလ်နာလည်း ရှိနေတဲ့အတွက် အသင်းမှာ ဒဏ်ရာပြန်ကောင်းလာရင်တောင် နေရာရဖို့ မလွယ်တာကြောင့် ဖြစ်ပါတယ်။

ဒီကစားသမားတွေအတွက် ကလော့ပ်က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုထားခြင်းမရှိပဲ လက်ရှိမှာလည်း ဇန်နဝါရီစျေးကွက်မှာ ကစားသမားသစ်အဖြစ် ဆဲလ်ဘတ်က ဂျပန်တိုက်စစ်မှူး တာကူမီ မီနာမီနိုကို ခေါ်ယူထားနိုင်ပြီ ဖြစ်ပါတယ်။

လီဗာပူးကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ခြေလှမ်းမှန်မှန်သွားနေနိုင်ပြီး လက်ရှိမှာလည်း တစ်ပွဲလျော့ ကစားပြီး ရမှတ် ၅၅ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က