အသင်းဟောင်းဖြစ်သလို မိခင်ကလပ်အသင်းလည်းဖြစ်တဲ့ အေဂျက်အသင်းထံ ၄ နှစ်စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့မှာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်းနဲ့ ကနဦးသဘောတူထားပါတယ်။
Photo - Zimbio
မန်ယူအသင်းဟာ အသင်းမှ နယ်သာလန်ကစားသမား ဒယ်လီဘလင်းကို နယ်သာလန်ကလပ် အေဂျက်အသင်းကို ပြောငးရွှေ့ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
ဘလင်းအတွက် ပြောင်းရွှေ့ကြေးကို ကနဦး ပေါင် ၁၄ သန်းလို့ သဘောတူထားပေမယ့် မန်ယူအသင်းက ပေါင် ၁၈.၅ သန်းထိ တိုးမြှင့်တောင်းဆိုသွားဖို့ ရှိတယ်လို့လည်းသိရပါတယ်။
Photo - Football Oranje
ဘလင်းဟာ ၂၀၁၄ ခုနှစ်က အေဂျက်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၃.၈ သန်းနဲ့ မန်ယူကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ယခုအခါ အသင်းဟောင်း အေဂျက်ကို ပြန်လည်ပြောင်းရွှေ့သွားတော့မှာလည်း ဖြစ်ပါတယ်။
နောက်ခံနဲ့ အလယ်တန်း နှစ်နေရာစလုံးမှာ ကစားနိုင်တဲ့ဘလင်းဟာ နည်းပြ ဗန်ဟားလက်ထက်တုန်းက ပုံမှန် ပွဲထွက်ခွင့်ရခဲ့ပေမယ့်လည်း နည်း ပြမော်ရင်ဟို လက်ထက်မှာတော့ ပုံမှန်နေရာပျောက်ဆုံးခဲ့ပါတယ်။
Photo - Sempreinter
ဘလင်းဟာ မန်ယူကစားသမားဘဝနဲ့ ၂၀၁၆ အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တွေကိုတော့ ပါဝင်ကစားခွင့်ကြုံခဲ့ဖူးပြီး ယူရို ပါလိဂ် ဗိုလ်လုပွဲမှာ အသင်းဟောင်း အေဂျက်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မန်ယူနဲ့ အေဂျက်အသင်းတို့ကြား ကနဦး သဘောတူညီမှုအဖြစ် ပေါင် ၁၄သန်းနဲ့ သဘောတူညီထားတယ်လို့ သိရပြီး မန်ယူ အသင်းက ၁၈ သန်းအထိ တိုးမြှင့်လိုချင်နေပါတယ်။
ဘလင်းဟာ မန်ယူမှာ ရှိစဉ် ပွဲ ၉၀ ကစာပေးခဲ့ပြီး ၄ ဂိုးသွင်းယူပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ကာ အသင်းဟောင်းအေဂျက်အသင်းထံ ၄ နှစ် စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့သွားမှာလည်း ဖြစ်ပါတယ်။
Share