ချယ်လ်ဆီးက တောင်းဆိုထားတဲ့ ဈေးနှုန်းပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယံကို ခေါ်ယူနိုင်ဖို့အတွက် ချယ်လ်ဆီးအသင်း တောင်းဆိုထားတဲ့ ပေါင်သန်း (၇၀)ဆိုတဲ့ ပမာဏကို ပေးချေဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် (၂၉)နှစ်အရွယ် တောင်ပံကစားသမားဟာ နည်းပြသစ်ဆာရီလက်ထက်မှာ အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေသူလည်း ဖြစ်ပါတယ်။

Photo : 90 min

 

ဝီလီယံကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားနေခဲ့ကြပြီး ဘာစီလိုနာက (၃)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက ဝီလီယံအတွက် ပေါင် (၅၅)သန်းသာ ပေးချေဖို့ ဆန္ဒရှိနေခဲ့တာကြောင့် အပြောင်းအရွှေ့ အထမမြောက်ခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ ဘော်ဒိုးအသင်း တောင်ပံကစားသမား မယ်လ်ကွန်ကို ခေါ်ယူလိုက်ပြီဖြစ်တာကြောင့် ဝီလီယံအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားနိုင်ဖွယ် ရှိပါတယ်။

ဘောလုံးလောကရဲ့ သြဇာအကြီးမားဆုံး အေးဂျင့် (၅)ဦး 

Mundo Deportivo က ဖော်ပြချက်အရ ယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ ဝီလီယံကို ခေါ်ယူဖို့ ပေါင်သန်း (၇၀) အသုံးပြုဖွယ် ရှိနေပါတယ်။ ပရီးမီးယားလိဂ် အပြောင်းအရွှေ့မှာ ကစားသမားဝယ်ယူမှုဟာ သြဂုတ်လ (၉)ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်တာကြောင့် ဝီလီယံကို ခေါ်ယူဖို့ အချိန်အားဖြင့် (၂)ပတ်ခန့်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

Photo : 90 min

 

မော်ရင်ဟိုနဲ့ဝီလီယံတို့ဟာ ချယ်လ်ဆီးအသင်းမှာ လက်တွဲခဲ့ဖူးသူများဖြစ်ပြီး ကစားသမားကလည်း မော်ရင်ဟိုရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်ခဲ့ပါတယ်။ မာတာ၊ လင်ဂတ်၊ ရက်ဖို့ဒ်တို့ကို ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းရဲ့ ညာတောင်ပံတိုက်စစ်မှာ အသုံးပြုခဲ့ပေမယ့် ထိရောက်တဲ့ သက်ရောက်မှု နည်းပါးခဲ့တာကြောင့် ဝီလီယံဟာ မော်ရင်ဟိုရဲ့ အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

Photo : 90 min

 

ဒါပေမယ့်လည်း ချယ်လ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဆုဖလားလုပွဲမှာ အဓိကပြိုင်ဘက်ဖြစ်နေတဲ့ အသင်းဆီ သူတို့ရဲ့ ကစားသမားကို ရောင်းချမှာလားဆိုတဲ့ မေးခွန်းက အဓိကပြသနာတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ မော်ရင်ဟိုကတော့ အပြောင်းအရွှေ့ လက်ကျန်နေ့ရက်များ အတွင်းမှာ အသင်းအတွက် ကစားသမား (၂)ဦး ထပ်မံခေါ်ယူချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

Photo : 90 min

 

ဝီလီယံကိုယ်တိုင်ကလည်း အသင်းကထွက်ခွာချင်နေခဲ့သလို ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှု လျော့နည်းလာနိုင်မှုအပေါ်မှာ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အခွင့်အရေး အရယူနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က