ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပွဲမှာလည်း လီနိုကို ပွဲထုတ်လာမယ်လို့ အများက မျှော်လင့်ခဲ့ကြပေမယ့် တစ်ကမ်းတမ်းမှာတော့ပီတာချက်သာလျှင် ပွဲထွက် လာခဲ့ပါတယ်။

ဝါရင့် ဂိုးသမား ပီတာချက်နဲ့ အသစ်ခေါ်ထားတဲ့ ဂိုးသမား လီနိုတို့ နှစ်ဦးကြား ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးရမလဲဆိုတာ ခေါင်းခဲစရာ အဖြစ်ရှိနေပြီး ချဲလ်ဆီးနဲ့ပွဲကိုတော့ ပီတာချက်ပဲ ပွဲထွက်မယ်လို့ သတင်းပျံ့နေပါတယ်။


 

အာဆင်နယ်အသင်းက ဒီနှစ်ရာသီအစမှာ အသင်းအတွက် ဂိုးသမားသစ်တစ်ဦးကို ခေါ်ယူခဲ့ပြီးနောက် အသင်းမှာ လက်စွမ်းမြင့် ဂိုးသမား ၃ ဦးထိ ရှိလာခဲ့ပါတယ်။

ပီတာချက်၊အခု အသစ်ရောက်လာတဲ့ လီနို၊အော့စပီနာ တို့ ၃ ဦးရှိနေပြီး အော့စပီနာကတော့ တူရကီကလပ် ဘီဆစ်တပ်အသင်းကို ပြောင်းရွှေ့ ဖို့ လုပ်ဆောင်နေပါပြီ။

 

လက်ရှိမှာ ပထမဦးစားပေးဂိုးသမားအဖြစ် အသက် ၃၆ နှစ်အရွယ် ပီတာချက်က ရပ်တည်နေပြီး ဒီနှစ်မှာ လေဗာကူဆင်အသင်းကနေ အသစ် ခေါ်ယူထားတဲ့ ဂိုးသမား လီနိုကတော့ အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့်ရရေး တိုက်ပွဲဝင်ရမှာပါ။

ဒါပေမယ့် အာဆင်နယ်အသင်း နည်းပြ အူနိုင်းရဲ့ စိတ်ကြိုက်ခေါ်ထားတဲ့ ကစားသမားဖြစ်လို့ အူနိုင်းတစ်ယောက် လီနီုကို ပွဲထွက်ခွင့်ပေးနိုင်ရေး ကြိုးပမ်းဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပွဲမှာလည်း လီနိုကို ပွဲထုတ်လာမယ်လို့ အများက မျှော်လင့်ခဲ့ကြပေမယ့် တစ်ကမ်းတမ်းမှာတော့ပီတာချက်သာလျှင် ပွဲထွက် လာခဲ့ပါတယ်။

 

ဒါပေမယ့်လည်း လက်ရှိ ဝါရင့် ဂိုးသမား ပီတာချက်ကသာလျှင် လာမယ့် ချဲလ်ဆီးနဲ့ ပွဲမှာ ပွဲထွက်လာဖို့ များနေတယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အာဆင်နယ်အသင်းရဲ့ အဖွင့်ပွဲမှာတော့ ပီတာချက်က ပေးဂိုး ၂ ဂိုးစတင်ပေးခဲ့ရပေမယ့်လည်း ဂိုးသမား လီနိုကတော့ အသင်းနဲ့အတူ အဆင် သင့်ဖြစ်ဖို့ အချိန်ယူရဦးမယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က