ပြီးခဲ့တဲ့ ၈ ရက်က အသက် ၃၀ ပြည့်ခဲ့သူပါ။

ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်ကစားသမား ဝီလီယံကို ချယ်ဆီးအသင်းက စာချုပ်သစ် ချုပ်ဆိုဖို့ပြင်ဆင်နေတယ်လို့သိရပြီး လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂ နှစ်ခန့်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဝီလီယံရဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်နဲ့ ထိပ်တန်းအဆင့်ခြေစွမ်းကြောင့် ချယ်ဆီးအသင်းအနေနဲ့ အသက်ကြီးလာတဲ့ကစားသမားတွေကို ထုံးစံအရ ၁ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဖို့ တင်းကြပ်ထားတာကို ဖြေလျော့ပြီး စာချုပ်သစ် ချုပ်ဆိုဖို့တောင် စီစဉ်ခဲ့တာဖြစ်ပါတယ်။



NINTCHDBPICT0004253434311-e1534447335849.jpg

Photos: The Sun

 

ဘရာဇီးလ်လက်ရွေးစင်တောင်ပံကစားသမား ဝီလီယံဟာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၂ သောင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်နီးပါး ကျန်ရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့ ၈ ရက်က အသက် ၃၀ ပြည့်မြောက်ခဲ့သူဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့ထုံးစံအရဆိုရင် ခြေစွမ်းကောင်းမွန်တဲ့အရွယ်ကို ကျော်လွန်သွားတဲ့ ကစားသမားတစ်ဦးကို ၁ နှစ်သက်တမ်းတိုးစာချုပ်သာ ကမ်းလှမ်းရမှာဖြစ်ပါတယ်။

ယူရို ၂၀၂၄ ကို ဂျာမနီနိုင်ငံက ကျင်းပခွင့်ရခဲ့ရင် ပွဲကျင်းပရေးကော်မတီဥက္ကဌဖြစ်လာမယ့် ဖိလစ်လမ်း 

ဒါပေမယ့် ဝီလီယံရဲ့ သစ္စာရှိမှုနဲ့ နောက်ထပ် ပိုအရေးကြီးတဲ့အချက်တစ်ချက်အနေနဲ့ ကစားပွဲအတွင်းမှာ လုပ်အားနှုန်းကျဆင်းသွားခြင်းမရှိတာဟာ ချယ်ဆီးအသင်းအနေနဲ့ ဝီလီယံကို စာချုပ်သစ် ထပ်မံကမ်းလှမ်းဖို့အတွက် ထည့်သွင်းစဉ်းစားခဲ့တဲ့အချက်တွေဖြစ်ခဲ့ပါတယ်။

Photos: The Sun

 

ဝီလီယံဟာ ၂ နှစ်သက်တမ်းတိုးစာချုပ်သစ်ကို လက်ခံခဲ့မယ်ဆိုရင် လုပ်ခလစာရရှိမှု ပိုမိုမြင့်မားသွားမှာဖြစ်ပြီး အသင်းနဲ့အတူ နောက်ထပ် ၅ နှစ် အတူဆက်ရှိနေတော့မှာလည်းဖြစ်ပါတယ်။ ဝီလီယံဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပြီး နည်းပြဟောင်း ကွန်တီနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားခဲ့သူဖြစ်ပါတယ်။

မေလက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲအပြီး ဝင်ဘလေကွင်းမှာ အသင်းသားတွေအားလုံး စုပေါင်းပြီး အောင်ပွဲခံတဲ့ဓာတ်ပုံမှာ နည်းပြကွန်တီကို ဖုံးပြီး တင်ခဲ့တဲ့ ဝီလီယံကို နည်းပြသစ် မူရီဇီယိုဆာရီက ယုံကြည်မှုပေးခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့က ဟက်ဒါစ်ဖီးလ်နဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ပေးခဲ့ပါတယ်။ ဝီလီယံအနေနဲ့ ချယ်ဆီးအသင်းက ကမ်းလှမ်းလာမယ့် ၂ နှစ်သက်တမ်းတိုးစာချုပ်သစ်ကို လက်ခံခဲ့မယ်ဆိုရင် ချယ်ဆီးအသင်းမှာ ကစားနေတဲ့ အသက် ၃၀ တန်းကစားသမားတွေထဲမှာ လစာအများဆုံးရရှိတဲ့ ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က