အာဆင်နယ်နည်းပြ အမ်မရီဟာ လက်ရှိအချိန်အထိ ရမှတ်မရှိသေးပဲ ရုန်းကန်နေရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ နည်းပြသစ်နှစ်ဦးတွေ့ဆုံခဲ့တဲ့ ပထမဆုံးလန်ဒန်ဒါဘီမှာ အိမ်ရှင် ချယ်လ်ဆီးအသင်းက အာဆင်နယ်ကို ၃-၂ဂိုးနဲ့အနိုင်ရပြီး ချယ်လ်ဆီးနည်းပြ ဆာရီက အာဆင်နယ်နည်းပြ အမ်မရီကို ပညာပေးနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အာဆင်နယ်နည်းပြ အမ်မရီဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂) ပြီးချိန်အထိ ပရီးမီးယားလိဂ်ရမှတ်မရသေးပဲ ရုန်းကန်နေရပါတယ်။

1534616103527_lc_galleryImage_LONDON_ENGLAND_AUGUST_18_.JPG

Photo: Daily Mail

 

အဖွင့်ပွဲမှာ အနိုင်ရထားတဲ့ ချယ်လ်ဆီးရဲ့ရာသီသစ်အိမ်ကွင်းအဖွင့်ပွဲဖြစ်သလို လန်ဒန်ဒါဘီလည်းဖြစ်တာကြောင့် အိမ်ရှင်အသင်းက ဒီပွဲမှာ အနိုင်သုံးမှတ်အတွက် စနစ်တကျပြင်ဆင် လာခဲ့ပါတယ်။ နည်းပြသစ် အမ်မရီရဲ့အာဆင်နယ်ကတော့ ပွဲမတိုင်ခင်ကတည်းက ခံစစ်ကြောင်းပြဿနာတွေ၊ ဒဏ်ရာပြဿနာတွေကြောင့် ပွဲထွက်လူစာရင်းအပြောင်းအလဲရှိခဲ့ပါတယ်။ အိမ်ရှင်ချယ်လ်ဆီးဟာ ၄-၃-၃ ပုံစံမှာ ဟာဇက်ကလွဲရင် အဓိက ကစားသမားတွေဖြစ်တဲ့ ဂျော်ဂင်ဟို၊ အလွန်ဆို၊ ဝီလီယမ်၊ ပက်ဒရို၊ ကန်တီ၊ မိုရာတာ စတဲ့ကစားသမားအစုံအလင်ပါဝင်လာပါတယ်။ အာဆင်နယ်ကတော့ ခံစစ်ကြောင်းမှာ မွန်ရီယယ်ပြန်ပါလာသလို မူစတာဖီ၊ ဘယ်လာရင်၊ ပါပက်သိုပူးလော့စ်တို့ပါဝင်ခဲ့ပြီး ကွင်းလယ်မှာတော့ ရမ်ဆေးကိုအနားပေးပြီး လူငယ်ကစားသမား ဂွမ်ဒိုဇီကို ဆက်လက်အသုံးပြုခဲ့ပါတယ်။

Photo: Daily Mail

 

၄-၂-၃-၁ ပုံစံနဲ့ပဲ ပွဲထွက်လာခဲ့တဲ့ အာဆင်နယ်ဟာ ပွဲအစပိုင်းကတည်းက ချယ်လ်ဆီးကို ဘယ်နေရာမှ ယှဉ်မကစားနိုင်ခဲ့ပဲ ဘောလုံးလိုက်လုနေရင်းနဲ့အချိန်ကုန်နေရပါတယ်။ ချယ်လ်ဆီးကွင်းလယ်က ဂျော်ဂျင်ဟို၊ ကန်တီနဲ့ ဝီလီယမ်တို့ သုံးယောက်ဟာ ချယ်လ်ဆီးကစားကွက်တစ်ခုလုံးကို ပုံဖော်ပြီး အာဆင်နယ်ကိုအကောင်းဆုံးလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၉မိနစ်မှာတော့ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ရဲ့လူကျွံဖမ်းကစားပုံုမသေသပ်ရာကနေ အလွန်ဆိုက ဆွဲပြေးပြီး ဖန်တီးပေးမှုကို ပက်ဒရိုက အပိုင်ကန်သွင်းခဲ့တာပါ။ ဒီဂိုးက ဘယ်လာရင်ရဲ့အမှားဖြစ်သလို အာဆင်နယ်ဗဟိုခံစစ်သမားတွေရဲ့ အားနည်းချက်ကြောင့်လည်းပေးခဲ့ရတာပါ။

ချယ်လ်ဆီးနဲ့ပွဲမှာ ပါဝင်ကစားမယ့် ကွင်းလယ်ကစားသမားကို အမ်မရီ အတည်ပြု 

Photo: Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က