မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီမီတာဘာဘာတော့ဗ်က သူဟာ စပါးအသင်းကနေ ပြောင်းရွှေ့ဖို့အတွက် ဆောင်ရွက်ခဲ့စဉ်က မန်စီးတီးထက် မန်ယူအသင်းကို ဘာလို့ ရွေးချယ်ခဲ့လဲဆိုတာကို ဖွင့်ဟသွားခဲ့ပါတယ်။ ဘူဂေးရီးယား တိုက်စစ်မှူး ဘာဘာတော့ဗ်ဟာ မန်ယူအသင်းကို လွန်ခဲ့တဲ့ (၁၀)နှစ်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
Photo : 90 min
ထိုစဉ်တုန်းက ဘာဘာတော့ဗ်ကို ခေါ်ယူဖို့ မန်စီးတီးအသင်းက ရေပန်းစားနေခဲ့တာ ဖြစ်ပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ ဘာဘာတော့ဗ်ဟာ မန်ယူအသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အသက် (၃၇)နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာဘာတော့ဗ်က မန်စီးတီးထက် မန်ချက်စတာယူနိုက်တက်ကို ရွေးချယ်ခဲ့ပုံကို အခုလို ပြောကြားသွားခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ စွမ်းရည်အပေါ် အသိအမှတ်ပြုခဲ့တဲ့ မက်ဆီ
"ကလပ်အသင်းတချို့က ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့ အေးဂျင့်က ပြောခဲ့ပါတယ်၊ ကျွန်တော် သူ့ကို ပြန်ပြောခဲ့တာက မန်ချက်စတာယူနိုက်တက်ကို သွားချင်တယ်လို့ပေါ့၊ ဘာလို့လဲဆိုတော့ သမိုင်းကြောင်းအရ၊ ကစားသမားအင်အား၊ သူတို့ရဲ့ ဓလေ့စရိုက် အရာအားလုံးက ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့လို့ပါ"
Photo : 90 min
"ရီးရဲလ်မက်ဒရစ်ကနေ ရော်ဘင်ဟို မန်စီးတီးကို ပြောင်းခဲ့တဲ့ အကြောင်းကို အဲဒီနေ့ မတိုင်ခင်မှာ ကျွန်တော် စဉ်းစားနေခဲ့တာဗျ၊ အေးဂျင့်ကတော့ ဘာဘာ ဒီအသင်းက တခြားအသင်းတွေနဲ့ မတူညီပဲ မင်းအတွက်သင့်တော်တယ်လို့ လာပြောခဲ့တယ်၊ ကျွန်တော် သူ့ကို ပြန်ပြောလိုက်တယ်၊ ေ-ာက်ရေးမပါတာတွေဗျာ.. ကျွန်တော်တို့ ယူနိုက်တက်ကိုပဲ သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်၊ ဒါပေမယ့် သူက ကျွန်တော့်ကို ပိုက်ဆံပိုရမယ်လို့ ပြောပေမယ့် ကျွန်တော် စိတ်မဝင်စားခဲ့ဘူး" လို့ ဘာဘာတော့ဗ်က Four For Two မဂ္ဂဇင်းနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။
ဘာဘာတော့ဗ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ အမှတ်ပေးပွဲ ၁၀၈ ပွဲအထိ ကစားပေးခဲ့ပြီး (၄၈)ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ ဘာဘာတော့ဗ်က အဆိုပါတွေ့ဆုံပြောကြားခဲ့မှုမှာလည်း ပိုက်ဆံက သူ့အတွက် အရေးမကြီးကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တာဟာ သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တာမို့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။
Photo : 90 min
မန်ယူအသင်းမှာ လေးနှစ်ကြာ ကစားပေးခဲ့တဲ့ ဘူလ်ဂေးရီးယားတိုက်စစ်မှူး ဘာဘာတော့ဗ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ အမှတ်ပေးဖလား (၂)ကြိမ်၊ လိဂ်ဖလား (၁) ကြိမ် နဲ့ ကွန်မြူနတီဒိုင်း (၂)ကြိမ် ရရှိခဲ့ပြီး ကမ္ဘာ့ကလပ်ဖလား တစ်ကြိမ်ရရှိခဲ့ပါတယ်။