မိဘတွေက ဘောလုံးကစားတာက အချိန်ဖြုန်းတဲ့အလုပ်လို့ ပြောခဲ့တာပါ။

လီဗာပူးအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ဆာဒီယိုမာနေးဟာ ပထမဆုံးအကြိမ် စာချုပ် မချုပ်ဆိုနိုင်ခင်အချိန်အထိ ၎င်းရဲ့မိဘတွေက ဘောလုံးအားကစားကို ရူးသွပ်စွာ လိုက်စားနေခြင်းဟာ အချိန်တွေကို ဖြုန်းတီးပစ်ရာရောက်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မာနေးဟာ လီဗာပူးအသင်းရဲ့အန္တရာယ်ကြီးတဲ့တိုက်စစ်အတွဲမှာ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသူဖြစ်ပါတယ်။

thumb_70615_default_news_size_5.jpeg

Photos: LFC

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာဒီယိုမာနေးဟာ ဆောက်သမ်တန်အသင်းနဲ့အတူ အောင်မြင်တဲ့ရာသီတစ်ခုကို ကျော်ဖြတ်ခဲ့ပြီးနောက်မှာ လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ လီဗာပူးအသင်းအတွက် ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၃ ပွဲကစားပြီး ၁၀ ဂိုးအထိ သွင်းယူပေးခဲ့တဲ့မာနေးဟာ ငယ်စဉ်က မိဘတွေရဲ့ဘောလုံးအားကစားနဲ့ပတ်သက်ပြီး ထောက်ခံအားပေးမှုရရှိခဲ့သူမဟုတ်ပါဘူး။

မန်ယူကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့ပြီးနောက် မော်ရင်ဟိုကို ဖုန်းခေါ်ခဲ့တဲ့ ဘိုတန် 

ဆီနီဂေါလက်ရွေးစင်တောင်ပံကစားသမား ဆာဒီယိုမာနေးက ၎င်းရဲ့မိဘတွေဟာ ဘယ်တုန်းကမှ ဘောလုံးသမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ မယုံကြည်ခဲ့ကြောင်းနဲ့ ဘောလုံးသမားလုပ်မယ့်အစား ကျောင်းဆရာအလုပ်ကိုသာ ရအောင် ကြိုးစားဖို့ တိုက်တွန်းခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

Photos: Sportskeeda

 

"ကျွန်တော် ရွာလေးမှာ မွေးခဲ့ပါတယ်။ အဲဒီမှာ အဓိကချန်ပီယံရှစ်ပြိုင်ပွဲလိုမျိုးတွေမှာ လုပ်ပြနိုင်တဲ့ ဘောလုံးသမားဆိုတာ မရှိခဲ့ဖူးပါဘူး"

"ကျွန်တော် ငယ်ငယ်လေးတုန်းက ကိစ္စကို မှတ်မိပါသေးတယ်။ ကျွန်တော့်မိဘတွေက ကျွန်တော် ကျောင်းဆရာဖြစ်အောင်လုပ်သင့်တယ်လို့ ခံစားမိခဲ့ကြပါတယ်။ ဘောလုံးကန်တာက အချိန်ဖြုန်းတီးနေတာဖြစ်ပြီး ကျွန်တော် ဘယ်တော့မှ အောင်မြင်မှုရမှာမဟုတ်ဘူးလို့ သူတို့ တွေးခဲ့ကြပါတယ်"

"ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပဲ။ 'ခင်ဗျားကို အကူအညီပေးနိုင်ဖို့အတွက် ဒါက တစ်ခုတည်းသော အလုပ်ပါ။ ပြီးတော့ ကျွန်တော် ဘောလုံးသမားဖြစ်လာဖို့ အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်'။ သူတို့က ကျွန်တော် အဲဒီလိုပြောတော့ သိပ်မသေချာခဲ့ကြပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရွာနဲ့ မြို့က တော်တော်လေးအလှမ်းဝေးပြီး အဲဒီကိုသွားတဲ့ အားလုံးနီးပါး ဘယ်သူမှ မအောင်မြင်ကြပါဘူး"

"အဲဒီတော့ သူတို့က အဲဒီအကြံကို ဆန့်ကျင်ကြတယ်။ သူတို့ အဲဒါကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ကို စချုပ်တဲ့နေ့အထိပါပဲ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က