လီဗာပူးလ်ကို ၂-၁ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲမှာ အသင်းအမှတ်တံဆိပ်မပါဝင်တဲ့အကျီၤဝတ်ဆင်ကစားခဲ့တဲ့ စပါးနောက်ခံလူ အယ်လ်ဒါဝီရတ်ကို စပါးပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။ အယ်လ်ဒါဝီရတ်အကျီၤမှာ အသင်းအမှတ်တံဆိပ်မပါဝင်တာကို ပြိုင်ပွဲကြီးကြပ်ရေးတွေနဲ့အသင်းတာဝန်ရှိသူတွေမမြင်တွေ့ခဲ့ပေမယ့် ပရိသတ်တွေကတော့ သတိထားမိခဲ့ပါတယ်။
Photo: The Sun
အယ်လ်ဒါဝီရတ်ဘာလို့ အသင်းအမှတ်တံဆိပ်မပါတဲ့ အကျီၤဝတ်ခဲ့ရတာလဲ? စပါးအသင်းတာဝန်ရှိသူတွေကရော ဒါကို မသိခဲ့ဖူးလား? စတဲ့မေးခွန်းတွေက စပါးပရိသတ်တွေအကြားမှာပျံ့နှံ့နေပါတယ်။ အယ်လ်ဒါဝီရတ်က လီဗာပူးလ်ကို ၂-၁ဂိုးနဲ့ရှုံးခဲ့ရတဲ့ပွဲမှာ အသင်းအမှတ်တံဆိပ်မပါတဲ့ အကျီၤဝတ်ဆင်ကစားခဲ့လို့ အခုလိုမေးစရာတွေဖြစ်လာခဲ့တာပါ။
Photo: Daily Mail
အယ်လ်ဒါဝီရတ်ရဲ့အကျီၤမှာ အသင်းအမှတ်တံဆိပ်မပါတာကို ပြိုင်ပွဲကျင်းပရေးတာဝန်ခံတွေနဲ့ အသင်းတာဝန်ရှိသူတွေက မသိလိုက်ပေမယ့် မျက်စိစူးတဲ့စပါးပရိသတ်တွေကတော့ မြင်တွေ့ခဲ့ပြီး သူတို့တွေရဲ့ တွစ်တာအကောင့်တွေမှာ မေးခွန်းတွေထုတ်နေကြပါတယ်။ ဒါက သာမန်အမှားတစ်ခုဖြစ်နိုင်ပေမယ့် တစ်ချို့ စပါးပရိသတ်တွေကတော့ ပြီးခဲ့တဲ့နွေရာသီကအသင်းကထွက်ချင်တယ်လို့သတင်းထွက်ခဲ့တဲ့ ကစားသမားက ရည်ရွယ်ချက်နဲ့လုပ်ဆောင်ခဲ့တာလို့လည်း မှတ်ချက်ပေးနေကြပါတယ်။
ပေါ့ဂ်ဘာကို ပြန်ခေါ်ဖို့ ဒိုင်ဘာလာကို ရောင်းမှာလား ဂျုဗီ
Photo: Daily Mail
နည်းပြ ပိုချက်တီနိုက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘယ်လ်ဂျီယမ်နောက်ခံလူနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပြီးတဲ့နောက်မှာ အခုဖြစ်ရပ်မျိုးပေါ်ပေါက်လာခဲ့တာကလည်း ပရိသတ်တွေ အမြင်လွဲစရာဖြစ်နေတာပါ။ “အင်္ဂလန်အပြောင်းအရွှေ့လည်းပိတ်သွားပြီ။ ဥရောပအပြောင်းအရွှေ့လည်း ပိတ်သွားပြီ။ ဘယ်ကစားသမားရဲ့အပြောင်းအရွှေ့ကိုမှ ဆွေးနွေးစရာမရှိပါဘူး။ အသင်းအဖွဲ့တိုးတက်ဖို့အတွက်ပဲ ဆက်သွားမှာပါ။”လို့ ပိုချက်တီနိုက အယ်လ်ဒါဝီရတ်ရဲ့အပြောင်းအရွှေ့ကိစ္စကို ပြောထားပါတယ်။ အယ်လ်ဒါဝီရတ် အကျီၤမှာ တံဆိပ်မပါခဲ့တာနဲ့ ပတ်သက်ပြီး စပါးအသင်းကရော ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကပါ တရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။