မာရက်ဇ် ဂိုးပေါက်ရှာတွေ့ခဲ့ပါတယ်။

ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကာဒစ်စီးတီးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမား မာရက်ဇ်ဟာ ယနေ့ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

1537628134144_lc_galleryImage_Soccer_Football_Premier_L.JPG

မန်ချက်စတာစီးတီးအသင်းဟာ ပထမပိုင်းစတင်ချိန်ကတည်းက အိမ်ရှင်ကာဒစ်စီးတီးအသင်းကို ခြေစွမ်းပိုင်းရော၊ ကစားကွက်အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး လက်ရှိချန်ပီယံအသင်းကို ယှဉ်ပြိုင်ကစားနိုင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။ ၃၂ မိနစ်မှာ မန်စီးတီးအသင်းရဲ့တိုက်စစ်မှူး အဂူရိုက ဘာနာဒိုဆေးလ်ဗားရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

၃၅ မိနစ်မှာ ဆာနေးရဲ့အကွက်မြင်မြင်ဖန်တီးပေးပို့မှုကို ဘာနာဒိုဆေးလ်ဗားက အပိုင်အသုံးချပြီး မန်စီးတီးအသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၄၄ မိနစ်မှာ စတားလင်းက ဂန်ဒိုဂန်ကို မန်ချက်စတာစီးတီးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ဖို့အတွက် ဖန်တီးပေးခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာလည်း မန်ချက်စတာစီးတီးအသင်းကပဲ အိမ်ရှင်ကာဒစ်အသင်းကို တစ်ဖက်သတ်ဖိအားပေးကစားနိုင်ခဲ့ပြီး ၆၇ မိနစ်မှာ ဂန်ဒိုဂန်ရဲ့ ပေးပို့မှုကနေတစ်ဆင့် မာရက်ဇ်က မန်စီးတီးအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၈၉ မိနစ်မှာ မာရက်ဇ်ကပဲ မန်စီးတီးအသင်းအတွက် ပဉ္စမမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က