ဒီဘရိုင်း ဒဏ်ရာထပ်ရခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်နဲ့ကစားခဲ့ရာမှာ မန်စီးတီးအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဒီဘရိုင်းဟာ ဒဏ်ရာထပ်မံရရှိသွားခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လအတန်ကြာ အနားယူခဲ့ရတဲ့ ဒီဘရိုင်းဟာ ဒဏ်ရာကပြန်သက်သာလာပြီး ပြန်လည်ကစားပေးခဲ့ရာမှာ ဒဏ်ရာထပ်ရခဲ့တာ ဖြစ်ပါတယ်။

Photo : 100z

 

တိုက်စစ်မှူး ဘရာဟမ်ဒီယက်ဇ်ရဲ့ သွင်းဂိုး (၂)ဂိုးနဲ့ မန်စိးတီးက ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ ဆောက်သမ်တန် နဲ့လက်စတာပွဲက အနိုင်ရရှိမယ့် အသင်းနဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။ ဒီဘရိုင်းရဲ့ ဒဏ်ရာ အနေအထားနဲ့ ပတ်သက်ပြီး ဆေးစစ်မှုတွေပြုလုပ်ပြီးမှသာ အတိအကျသိရမယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။

Photo : Ghanasoccernet.com

အသက် (၂၇)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ သြဂုတ်လအတွင်းကလည်း ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့လို့ အနားယူခဲ့ရပြီး ပြန်ကစားနိုင်တာ သိပ်မကြာသေးပဲ ဒဏ်ရာထပ်ရခဲ့လို့ စိတ်ပျက်စရာ ဖြစ်လာခဲ့ပါတယ်။ ဒီဘရိုင်းရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး မန်စိးတီးနည်းပြ ဂွာဒီယိုလာက အခုလို ပြောသွားခဲ့ပါတယ်။

Photo : Sky Sports

 

"ဆရာဝန်တွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ရဦးမှာပါ၊ သူ့ဒဏ်ရာက စိုးရိမ်စရာရှိလား၊ စိုးရိမ်ရလား ကျွန်တော်တို့ မသိရသေးဘူး" လို့ ဂွာဒီယိုလာက ပြောပါတယ်။ မန်စီးတီးကွင်းလယ်မှာ အားထားရတဲ့ ကစားသမားအဖြစ် ဒီဘရိုင်းက ခြေစွမ်းပြနေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာကြောင့် ပွဲအများအပြားကို လွဲချော်ခဲ့ရပါတယ်။

ဒီဘရိုင်းဟာ ဒဏ်ရာရပြီးပြီးချင်းမှာပဲ အဝတ်လဲခန်းကို တိုက်ရိုက်ဝင်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီရာသီမှာ မန်စီးတီးက ပရီးမီးယားလိဂ်မှာ ဦးဆောင်နေသလို လိဂ်ဖလားမှာလည်း ကွာတားဖိုင်နယ်ကို တက်ရောက်ထားခဲ့ပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာလည်း နောက်တဆင့် တက်ရောက်နိုင်ဖို့ အခွင့်အရေးတွေ ရှိနေဆဲဖြစ်ပြီး ပြိုင်ပွဲစုံမှာ အခြေအနေကောင်းနေတဲ့ အသင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က