ပေါ့ဂ်ဘာအနေနဲ့ ဆိုးလ်ရှားလက်ထက် ၄ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးပေးထားနိုင်တဲ့ အဓိက ကွင်းလယ် ကစား သမားတစ်ဦးဖြစ်ပါတယ်။
နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူလာနိုင်သလို သွင်းဂိုးတွေလည်း ဖန်တီးပေးနိုင်ခဲ့ တဲ့ပေါ့ဂ်ဘာကတော့ မန်ယူအသင်းရဲ့ ဒီဇင်ဘာလအတွက် အကောင်းဆုံး ကစားသမားဆိုကို ရရှိခဲ့ပါတယ်။
ပေါ့ဂ်ဘာအနေနဲ့ ဒီဆုကို ဒူဘိုင်းမှာက်လက်ခံခဲ့ပြီး မန်ယူအသင်းကတော့ဒူဘိုင်းမှာ အပန်းဖြေဖို့ ရောက်ရှိနေ တာ ဖြစ်ပါတယ်။ မူလက ပေါ့ဂ်ဘာ မန်ယူအသင်းနဲ့အတူ ပါမလာပဲ အင်္ဂလန်မှာသာ ဆေးကုသမှု ခံယူနေတယ်လို့ မန်ယူအသင်း ကသတင်းထုတ်ပြန်ခဲ့ပေမယ့်လည်း စပါးနဲ့ ပွဲမတိုင်မီမှာပဲ ပေါ့ဂ်ဘာ ပြန်ကောင်းလာတာ ဖြစ်ပါတယ်။
ပေါ့ဂ်ဘာအနေနဲ့ နယူးကာဆယ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နယူးကာဆယ် ကွင်းလယ်လူ ရှယ်ဗေးလ်နဲ့ ထိ ခိုက်မိပြီး ပေါင်ဒဏ်ရာရခဲ့လို့ ရီးဒင်းကို ၂-၀ ဂိုးနဲ့ ဆက်လက်နိုင်တဲ့ အက်ဖ်အေဖလားပွဲကိုတော့ လွဲချော်ခဲ့ရပါ တယ်။
“ဒူဘိုင်းကို သူချက်ခြင်း မလိုက်ပါနိုင်ခဲ့ပါဘူး။ သူ့ရဲ့ ဒဏ်ရာကို ကုသနိုင်ဖို့ အင်္ဂလန်မှာ ကျန်ရစ်ပြီးမှ သက်သာခဲ့ လို့ လိုက်လာတာပါ။ဒီတစ်ပတ် ကျွန်တော်တို့ ပေါ့ဂ်ဘာကို ပြန်ရဖို့ မျှော်လင့်နေပါတယ်။” လို့ နည်းပြ ဆိုးလ်ရှား က ပြောပါတယ်။
ဆက်လက်ပြီး အခြားသော ကစားသမားများဖြစ်တဲ့ မရဒ်နဲ့ မားကို့စ် ရိုဂျိုတို့အနေနဲ့လည်း တနင်္ဂနွေနေ့ပွဲမှာ ပါဝင်လာဖို့ ရှိနေတယ်လို့ ပြောခဲ့ပါသေးတယ်။ ပေါ့ဂ်ဘာအနေနဲ့ ဆိုးလ်ရှားလက်ထက်မှာ ၄ ဂိုးသွင်းပြီး ၃ဂိုး ဖန်တီးပေးထားနိုင်တဲ့ အဓိက ကွင်းလယ်ကစား သမား ဖြစ်ပါတယ်။ မန်ယူအသင်းကတော့ လာမယ့် တနင်္ဂနွေနေ့မှာ စပါးအသင်းရဲ့ အိမ်ကွင်းမှာ အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက် ရင်ဆိုင်ရပါမယ်။