မက်ဆီက ပထမဆုံးအကြိမ် သုံးသပ်ခဲ့တာပါ။

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ သူ့ရဲ့ အဓိက ပြိုင်ဘက်ကစားသမားဖြစ်တဲ့ ရော်နယ်ဒို ထွက်ခွာသွားပြီး နောက်မှာ ရီးရဲလ်မက်ဒရစ်အသင်းအပေါ် ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒါဟာ ရော်နယ်ဒို လာလီဂါကို စွန့်ခွာသွားပြီးနောက် မက်ဆီရဲ့ ပထမဆုံး ပြောဆိုသုံးသပ်ချက်လည်း ဖြစ်ပါတယ်။



Photo : Gola.com

 

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အတွက် (၉)နှစ်ကြာ ကစားပေးခဲ့တဲ့ အချိန်အတောအတွင်း တစ်ဦးချင်းဆုတံဆိပ်အတွက် မက်ဆီနဲ့ အပြိုင်အဆိုင် ကစားသမားအဖြစ် ပရိသတ်များက ရှုမြင်ခဲ့ကြပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ဟာ ဘလွန်းဒီအောဆု အပါအဝင် အခြားသော ဆုတံဆိပ်များအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရသူတွေ ဖြစ်ပါတယ်။

Photo : Gola.com

ပရိသတ်များရဲ့ ကြားထဲမှာလည်း မက်ဆီ နဲ့ ရော်နယ်ဒို ဘယ်သူက ပိုကောင်းလဲဆိုတဲ့ မေးခွန်းနဲ့ အမြဲတစေ အငြင်းပွားလေ့ရှိနေကြပြီး နှစ်ဖက်ပရိသတ်တွေဟာ မိမိအားပေးတဲ့ ကစားသမားအတွက် ပြိုင်ဘက်ပရိသတ်များနဲ့ အချေအတင်ပြောဆိုနေမှုတွေလည်း ရှိခဲ့ပါတယ်။ မက်ဆီက ဂျူဗင်တပ်စ်အနေနဲ့ ရော်နယ်ဒိုကြောင့် ချန်ပီယံလိဂ်မှာ ရေပန်းစားတဲ့ အသင်းဖြစ်လာပြီလို့လည်း ပြောဆိုခဲ့ပါတယ်။

Photo : Gola.com

 

"ရီးရဲလ်က ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး သူတို့မှာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်၊ ဒါပေမယ့် ရော်နယ်ဒို ထွက်ခွာသွားတဲ့နောက်မှာ သူတို့ဟာ အနည်းငယ်တော့ အားလျော့သွားပါပြီ၊ ဒီအတွက် သူတို့တွေဟာ ကောင်းမွန်ဆဲဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားရမှာပါ၊  ဂျူဗင်တပ်စ်ကတော့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတစ်သင်းဖြစ်သွားပြီဆိုတာကတော့ ရှင်းပါတယ်" လို့ မက်ဆီက Catalunya Radio ကို ပြောကြားခဲ့ပါတယ်။

Photo : Gola.com

 

ဒါ့အပြင် မက်ဆီက ရော်နယ်ဒိုထွက်ခွာသွားမှုဟာ သူ့ကို အံ့အားသင့်စေခဲ့တယ်လို့လည်း ဝန်ခံသွားခဲ့ပါတယ်။ "သူ ရီးရဲလ်က ထွက်ခွာသွားမယ်၊ ဂျူဗီကို ပြောင်းရွှေ့မယ်လို့ ကျွန်တော် မစဉ်းစားခဲ့ဖူးဘူး၊ အသင်းပေါင်းများစွာက သူ့ကို အလိုရှိနေတာပါ၊ ကျွန်တော့်အတွက်တော့ အံ့အားသင့်စေမှုဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် သူက အသင်းကောင်းကို ပြောင်းရွှေ့သွားခဲ့တာပါ" လို့လည်း မက်ဆီက ထပ်မံပြောဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က