ဟော့ကိုင်းဒိုးမှာ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ သောကြာနေ့မှာ ဂျပန်နိုင်ငံမြောက်ကျွန်းမှာ တည်ရှိတဲ့ ဂျပန်ရဲ့ပဉ္စမအကြီးမားဆုံးမြို့ကြီးဖြစ်တဲ့ ဆက်ပိုရိုမြို့မှာ ချီလီအသင်းနဲ့ ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားဖို့စီစဉ်ထားတဲ့ပွဲစဉ်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ယမန်နေ့နံနက်က ဆက်ပိုရိုမြို့မှာ ပြင်းအား ၆.၇ ပမာဏရှိတဲ့ ပြင်းအားမြင့်ငလျင်လှုပ်ခတ်ခဲ့တာကြောင့် အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။



sp-andrew-a-20180530-870x612.jpg

Photos: The Japan Times

 

ဟော့ကိုင်းဒိုးမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဂျပန်အသင်းနဲ့ ချီလီအသင်းတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်ကို ဖျက်သိမ်းခဲ့ပြီး ယင်းငလျင်ကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပြီး ၃၃ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ လူပေါင်းဒါဇင်နဲ့ချီပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး သန်းပေါင်းများစွာသော အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

မော်ရင်ဟိုအတွက် သီးသန့်ဖြစ်တည်ခဲ့တဲ့ အီတူး 

ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ တာရှီးမားခိုးဇိုးရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ငလျင်ဒဏ်ခံစားခဲ့ရသူတွေအတွက် ရင်နဲ့အမျှ ကိုယ်ချင်းစာပြီး အနက်ရှိုင်းဆုံးဝမ်းနည်းမိကြောင်း ရေးသားထားပြီး နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးအကဲဖြတ်ရမှာဖြစ်တဲ့အတွက် ချီလီအသင်းနဲ့ ခြေစမ်းပွဲကစားမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။

download.jpg

Photos: Express

ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာမှာ တင်ထားတဲ့ ယင်းထုတ်ပြန်ကြေညာချက်ထဲမှာ ဆက်ပိုရိုမြို့ တိုယိုဟိရခုမှာ တည်ရှိတဲ့ ဆက်ပိုရိုအမိုးခုံးကွင်းထဲမှာ ကစားဖို့ စီစဉ်ထားတဲ့ ချီလီအသင်းနဲ့ ခြေစမ်းပွဲစဉ်ကို ဖျက်သိမ်းကြောင်းနဲ့ ပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှုကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ်ဓာတ်အားအပေါ် သက်ရောက်မှုရှိခဲ့တာကြောင့် ယင်းကွင်းကို လာရောက်မယ့် ပရိသတ်တွေရဲ့လုံခြုံရေးကို စိုးရိမ်ပူပင်ရတာကြောင့် ခြေစမ်းပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ကြောင်း ရေးသားထားပါတယ်။

ဆက်ပိုရိုမြို့ရဲ့ လက်ရှိအခြေအနေဖြစ်ပျက်နေတဲ့ မြင်ကွင်းတွေလည်း လူမှုကွန်ရက်တွေမှာ အများအပြား ထွက်ပေါ်လာခဲ့ပြီး လမ်းကျွံကျမှုနဲ့ အိမ်တွေပြင်းပြင်းထန်ထန်ပျက်စီးနေတာတွေကို မြင်တွေ့ရပါတယ်။ ငလျင်ကြောင့် ဟော့ကိုင်းဒိုး လေဆိပ်နဲ့ ရထား ဝန်ဆောင်မှုတွေအားလုံးကို ဖျက်သိမ်းထားကြောင်း NHK သတင်းဌာနရဲ့ ရုပ်သံသတင်းက ကြေညာချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က