နိုင်ပွဲရအောင် စွမ်းဆောင်ပေးခဲ့တာပါ။

တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ဝိန်းရွန်နီက ဒီစီယူနိုက်တက်အတွက် (၂)ဂိုးသွင်းယူပေးခဲ့ပြီး အသင်းကို နိုင်ပွဲရရှိစေခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့တဲ့ ဒီစီယူနိုက်တက်အတွက် ဝိန်းရွန်နီက သူရဲကောင်းဖြစ်ခဲ့ပြီး အသင်းကို နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

 

ဒီရလာဒ်ကြောင့် ဒီစီယူနိုက်တက်ဟာ အဆင့် (၇)နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး Montreal Impact အသင်းရဲ့နောက်မှာ (၂)မှတ်အကွာနဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ မေဂျာလိဂ်အရှေ့ပိုင်းပြိုင်ပွဲရဲ့ ပလေးအော့အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ပြီး ဒီမျှော်လင့်ချက်ကို ရွန်နီက အသက်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

(၂၃)နှစ်ကြာ ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီလို့ ဂျွန်တယ်ရီ ကြေငြာ 

 

ချီကာဂိုဖိုင်းယားအတွက် အက်ဒ်ဝက်စ်က အဖွင့်ဂိုးကို (၃၁)မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲကစားချိန် (၆၂)မိနစ်မှာ ဝိန်းရွန်နီက ချေပဂိုးသွင်းယူပေးခဲ့ပြီး  (၈၁)မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကိုလည်း ရွန်နီကပဲ အဆုံးသတ်ကာ နိုင်ပွဲအဖြစ် ပြောင်းလဲပေးနိုင် ခဲ့ပါတယ်။

 

ဒီစီယူနိုက်တက်အတွက် (၁၆)ပွဲကစားပေးအပြီးမှာတော့ ရွန်နီရဲ့ သွင်းဂိုးက (၉)ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Montreal Impact နဲ့ပွဲမှာလည်း ရွန်နီက အသင်းအတွက် (၂)ဂိုးသွင်းပေးခဲ့လိ့ု ဒါဟာ သူ့အတွက်တော့ (၂)ပွဲဆက်တိုက် (၂)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးသွင်းခြေစွမ်း ပြသနေခဲ့တာ ဖြစ်ပါတယ်။

 

ဒီစီယူနိုက်တက်ရဲ့ အဓိကကစားသမားဖြစ်သလို အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူနေတဲ့ ရွန်နီဟာ ဒီစီယူနိုက်တက်အသင်း ပလေးအော့အဆင့်မှာ ရပ်တည်နိုင်ဖို့အတွက် ခြေစွမ်းပြပေးနေခဲ့ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ဒီစီယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဒါးလက်စ်အသင်းကို ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က