ဘောလုံးပေးပို့မှု မှတ်တမ်းတွေအရ တွေ့ခဲ့ရတာပါ။

အချက်အလက် မှတ်တမ်းများအရ ပီအက်စ်ဂျီတိုက်စစ်မှူး (၃)ယောက်ဖြစ်တဲ့ နေမာ၊ ဘာပေ နဲ့ ကာဗာနီတို့ကြားက ဆက်နွယ်မှုတွေမှာ အံ့အားသင့်စရာ ဖြစ်ရလောက်အောင်ကို မြင်တွေ့ခဲ့ရပါတယ်။ ပြင်သစ်သတင်းစာတစ်စောင်ဖြစ်တဲ့ L'Equipe ရဲ့ ဖော်ပြချက်အရ ဒီ တိုက်စစ်မှူး (၃)ဦးကြား ဘောလုံးအပြန်အလှန်ပေးပို့မှုတွေဟာ နေမာ နဲ့ ဘာပေတို့ကြားထဲမှာပဲ ရှိနေခဲ့ပါတယ်။

Photo : Sportbible

 

နေမာရဲ့ ဘောလုံးပေးပို့မှု (၂၅) ရာခိုင်နှုန်းဟာ ဘာပေဆီကို ပေးခဲ့တာ ဖြစ်ပြိး ဘာပေက နေမာကို ဘောလုံးပြန်လည်ပေးပို့မှု (၃၁)ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့ဖလားဆုရှင် နဲ့ ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားကြားထဲမှာသာ ဘောလုံးပေးပို့မှုတွေ ရှိနေခဲ့တာ ဖြစ်ပြီး ကာဗာနီဆီကိုတော့ သူတို့နှစ်ဦး ဘောလုံးပေးပို့မှုက မရှိသလောက် ဖြစ်ခဲ့ပါတယ်။

Photo : Sportbible

 

ဘာပေက ကာဗာနီကို ဘောလုံးပေးပို့မှု (၅)ရာခိုင်နှုန်းသာ ရှိနေခဲ့ပြီး နေမာရဲ့ ပေးပို့မှု မှတ်တမ်းကတော့ အံ့အားသင့်စရာ ကောင်းလောက်အောင်ကို (ဝ.၅) ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ဒါဟာ ပီအက်စ်ဂျီရဲ့ အားအထားရဆုံး (၃)ယောက်တန်း တိုက်စစ် ကစားသမားတွေကြားထဲမှာ ကာဗာနီ နဲ့ ကျန်ကစားသမားနှစ်ယောက်ကြား ချိတ်ဆက်မှု ပြတ်တောက်နေပြီး ဥရုဂွေးသားကြီးဟာ အထီးကျန်နေတဲ့ သဘောကို ဆောင်ခဲ့ပါတယ်။

Photo : Sportbible

 

ဒါပေမယ့်လည်း ကာဗာနီကတော့ နေမာကို ဘောလုံးပေးပို့မှု (၂၈)ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အံ့အားသင့်စရာကတော့ ဘာပေကိုတော့ ကာဗာနီရဲ့ ဘောလုံးပေးပို့မှု မှတ်တမ်းက ဇီးရိုး ဖြစ်နေခဲ့တာပါ။ ဒါဟာ အသင်းဖော်တိုက်စစ်မှူး (၃)ဦးကြားမှာ ပတ်သက်ဆက်နွယ်မှု ရှားပါးနေတာကို အထင်အရှားတွေ့ခဲ့ရတာပါ။

Photo : Sportbible

 

နာပိုလီတိုက်စစ်မှူးဟောင်း ကာဗာနီက ဒီရာသီမှာ အသင်းအတွက် (၆)ဂိုး သွင်းပေးထားပြီး နေမာက (၁၁) ဂိုး သွင်းပေးထားပါတယ်။ ဘာပေကတော့ (၁၀)ဂိုးအထိ သွင်းယူပေးထားပြီး သူတို့သုံးယောက်ရဲ့ ပြိုင်ပွဲစုံ စုစုပေါင်းသွင်းဂိုးဟာ (၂၇)ဂိုးအထိ ရှိနေခဲ့ပါတယ်။ အမြင်အားဖြင့်ကြည့်မယ်ဆိုရင် တိုက်စစ်အားကောင်းတယ်လို့ ယူရမှာဖြစ်ပေမယ့်လည်း သူတို့အချင်းချင်းကြား ဘောလုံးပေးပို့ခဲ့တဲ့ အချက်အလက်တွေကတော့ အံ့အားသင့်စရာအဖြစ် ရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က