ဗလန်စီယာက အသင်းနဲ့ စာချုပ်ပြည့်တော့မှာပါ။

သောကြာနေ့ နံနက်ပိုင်းအတွက် အပြောင်းအရွှေ့သတင်းတွေကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Photo : Chronicle Live

 

- ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီက အသင်းရဲ့ တိုက်စစ်မှူး အန်ဒီကာရိုးလ်ကို စာချုပ်သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဝက်စ်ဟမ်းမှာ တစ်ပတ်လုပ်ခပေါင် (၉)သောင်းအထိ ရရှိခဲ့တဲ့ ကာရိုးလ်ဟာ ဒဏ်ရာကြောင့် အနားယူနေရာကနေ ပြန်လည် သက်သာလာခဲ့ပြီး လေ့ကျင့်ခန်းပြုလုပ်နေပြီဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ ကာရိုးလ်တို့ကြား စာချုပ်သက်တမ်းက (၆)လသာ ကျန်ရှိနေတော့ပြီး ကာရိုးလ်အနေနဲ့ စာချုပ်သစ်ချုပ်ဆိုမယ်လို့ ပယ်လီဂရီနီက မျှော်လင့်နေတာ ဖြစ်ပါတယ်။

Photo : Barca Blaugranes

 

- အေဂျက်ဇ်နဲ့ဟော်လန်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဒီဂျောင်ဟာ ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ ယူရို၇၅သန်း တန်ကြေးရှိတဲ့ ကစားသမားဟာ လာမယ့် နွေရာသီမှာ ပြင်သစ်ကလပ်ကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ De Telegraaf က ဖော်ပြခဲ့ပါတယ်။ ဒီဂျောင်ကို မန်စီးတီး နဲ့ ဘာစီလိုနာတို့က အလေးအနက်စိတ်ဝင်စားနေပေမယ့်လည်း ကစာသမားက ပီအက်စ်ဂျီကိုသာ ပြောင်းရွှေ့ချင်နေတာပါ။

Photo : 101 Great Goals

 

- ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမား အဲလက်စ်ဆန်ဒရိုဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။ ပေါ်တိုအသင်းကနေ ပြောင်းရွှေ့လာပြီးနောက် ဂျူဗင်တပ်စ်မှာ (၃)ရာသီကြာ ကစားပြီးဖြစ်တဲ့ ဆန်ဒရိုကို ယူနိုက်တက်က စိတ်ဝင်စားမှုတွေ ပြသနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်ကစားသမားကတော့ လက်ရှိစာချုပ်ကို (၃)နှစ်သက်တမ်းတိုးမြှင့်ဖို့ လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။

Photo : FOX Sports

 

- ဒေါမွန်အသင်းဟာ ကိုရင်သီယန်အသင်းရဲ့ တောင်ပံကစားသမား ပက်ဒရင်ဟိုကို ခေါ်ယူဖို့ ကြိုးစားမှုတွေ လုပ်ဆောင်နေပြီဖြစ်ကြောင်း Globo Esporte က ဖော်ပြခဲ့ပါတယ်။ ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ပူလီရှစ်ကို ချယ်လ်ဆီးက ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ပူလီရှစ် အသင်းပြောင်းရွှေ့ခဲ့ပါက ပြန်လည်အစားထိုးဖို့အတွက် ဒေါ့မွန်က ပက်ဒရင်ဟိုကို ကြိုးစားမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Photo : Goal.com

 

- ယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူ ဗလန်စီယာကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ဝက်စ်ဟမ်းက စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။ အသက် (၃၃)နှစ်အရွယ် အီကွေဒေါနောက်ခံလူ ဗလန်စီယာဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတေ့ာမှာ ဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်မချုပ်ဆိုရသေးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က