ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ မြန်မာအသင်း အနိုင်ရရှိခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ဖို့ ဗီယက်နမ်နဲ့ သြဂုတ်လ ၆ ရက်နေ့မှာဆက်လက်ကစားပါမယ်။
အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စု စတုတ္ထပွဲစဉ်အဖြစ် မြန်မာနဲ့ ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ မြန်မာက ၄-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဘာရိန်းကို သရေကျထားလို့ ထိုင်းအထက် ရပ်တည်ထားနိုင်တဲ့ မြန်မာ
ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့ ဒီပွဲကို မဖြစ်မနေအနိုင်ကစားထားဖို့လိုတာကြောင့်လည်း မြန်မာအသင်း တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ဒါပေမယ့် ပွဲချိန် ၄၃ မိနစ်မှာ ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရလို့ အနည်းငယ်စိုးရိမ်စရာ ဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်း ပြန်လည်စတင်တင်ချင်း ၁၁ မိနစ်မှာ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။
ဒီဂိုးကိုတော့ ခွန်ကျော်ဇင်ဟိန်းက သွင်းယူပေးခဲ့တာ ဖြစ်ပြီး အနိုင်ဂိုးတွေကိုတော့ နောက်ထပ် ၄ မိနစ်အကြာမှာပင် နိုင်ထွေးကလည်းကောင်း၊ ၆၅ မိနစ်မှာ နောင်နောင်စိုးကလည်းကောင်း၊နောက်ဆုံးပိတ်ဂိုးကိုတော့ လာမီထွေးက သွင်းယူပေးခဲ့ကြပါတယ်။
မြန်မာအသင်းအနေနဲ့ အုပ်စု ပွဲ ၄ ပွဲကစားပြီးချိန်မှာ ၃ ပွဲနိုင် ၁ ပွဲရှုံးထားပြီး ရမှတ် ၉ မှတ်ရရှိထားကာ အုပ်စု နောက်ဆုံးပွဲအဖြစ် ဗီယက်နမ် အသင်းနဲ့ သြဂုတ်လ ၆ ရက်နေ့မှာ ကစားရပါမယ်။
ဒီပွဲကတော့ မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့ အရေးကြီးပြီး အနိမ့်ဆုံး သရေရလဒ်ရရှိမှသာလျှင် နောက်တစ်ဆင့်တက်ဖို့ ဖြစ်နိုင်ပါ လိမ့်မယ်။