နောက်ခံလူ ဘိုနော့ဗ်ချီကို အလိုက်ပေးရမယ်လို့လည်းသတင်းတွေက ဖော်ပြနေပါတယ်။

အသင်းပြောင်းဖို့ သဘောတူညီမှုသာရထားသေးတာဖြစ်ပြီး ဘယ်လောက်နဲ့သွားမယ်၊အငှားလား၊အပြီးသတ်လားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ဖို့လိုပါသေးတယ်။

 

ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်ကို အေစီမီလန်အသင်းက ခေါ်ယူနိုင်ရေး ကြိုးပမ်းခဲ့ပြီး အခုအခါမှာတော့ ခေါ်ယူနိုင်ဖို့ သဘောတူညီ ခဲ့ကြပြီလို့ အီတလီမီဒီယာတချို့က ဖော်ပြလာပါတယ်။

စာချုပ်သစ်ကမ်းလှမ်းခံရတဲ့ ဂါရတ်ဘေးလ်က ရော်နယ်ဒိုနေရာအစားဝင်မယ့်သူလား? 

ယခုတစ်ပတ်အတွင်းက ဟီဂူအင်အနေနဲ့ အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်းကိုရောက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ဒါပေမယ့် ချဲလ်ဆီးနည်းပြသစ်ဆာရီက အလိုမရှိတာကြောင့် အခုလို အေစီမီလန်နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

၎င်းရဲ့ အေးဂျင့်ဖြစ်သူနဲ့ အေစီမီလန်အသင်းတို့ ၃ နာရီခွဲကြာ ဆွေးနွေးမှု ပြုလုပ်ခဲ့အပြီးမှာတော့ အခုလို စာချုပ်ချုပ်ဆိုမယ်လို့ သဘောတူညီမှု ရရှိခဲ့တာလို့သိရပါတယ်။

အီတလီသတင်းဌာနဒီမာဇီရို က ဖော်ပြချက်မှာဆိုရင် အငှားအတွက် မီလန်အသင်းက ယူရို သန်း ၂၀ သုံးစွဲသွားမယ်လို့သိရပြီး အပြီးရယူလိုပါက နောက်ထပ် ယူရို ၃၅ သန်းအထိ ပေးချေဖို့ လိုအပ်ပါတယ်။ဒါကြောင့် ဟီဂူအင်ရဲ့ အပြီးသတ်အပြောင်းအရွှေ့ စရိတ်က ယူရို ၅၅ သန်းအထိတန်ကြေးရှိမယ်လို့ခန့်မှန်းခြေ အရ သိရပါတယ်။

 

ပြီးခဲ့တဲ့ အပတ်က သတင်းတစ်ရပ်မှာတော့ အေစီမီလန်အသင်းကအငှားစနစ်မှာနောက်ခံလူ ဘိုနော့ဗ်ချီကို အလိုက်ပေးရမယ်လို့ သိရပြီး လက်ရှိ မှာတော့ သတင်းအတိအကျ မသိရသေးပါဘူး။

ဗီတီရမ် သတင်းဌာနကတော့ ယူရို ၄၂ သန်းနဲ့ အပြောင်းအရွှေ့ ဖြစ်ဖွယ်ရှိတယ်လို့ သတင်းထုတ်ပြန်နေပြီး ၅ နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ လည်းသိရပါတယ်။

ဒါကြောင့် သတင်းတွေက ဘယ်လိုထွက်ပေါ်နေပါစေ သတင်းတွေရဲ့ အခြေခံမှာတော့ ဟီဂူအင် အေစီမီလန်ကို ရောက်ဖို့ ညှိုနှိုင်းမှု အဆင်ပြေပြီ လို့ သိရတာကြောင့် အငှားနဲ့ပဲ ရောက်မှာလား၊အပြီးသတ်လား၊ဘိုနော့ဗ်ချီကိုရော အေစီမီလန်က အလိုက်ပေးရမှာလားဆိုတာကတော့ အဆုံးထိ စောင့်ကြည့်သွားရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က