ယနေ့ညနေမှာနောက်ဆုံးရရှိထားတဲ့သတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ သြဂုတ်လ ၉ ရက်နေ့ညမှာ ပိတ်သိမ်းတော့မှာဖြစ်တာကြောင့် ဥရောပထိပ်သီးလိဂ်အသီးသီး အသင်းတွေအနေနဲ့ ပစ်မှတ်စာရင်းထဲမှာပါဝင်နေတဲ့ ကစားသမားတွေကို အမြန်ဆုံးခေါ်ယူနိုင်အောင် ခပ်သွက်သွက်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။

 

- လီဗာပူးအသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်ကစားသမား ရှီရီအိုဂျိုကို အသင်းရဲ့အဓိကကစားသမားအဖြစ် အသုံးပြုမယ်လို့ ပြောကြားထားပေမယ့် ယခုရာသီမှာ အငှားချသွားဦးမှာဖြစ်တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

 

- အာဆင်နယ်အသင်းဟာ ဗလင်စီယာအသင်းကနေ ၂၀၁၆ ခုနှစ်က ခေါ်ယူထားတဲ့ ဗဟိုခံစစ်ကစားသမား မူစတာဖီကို ပြောင်းရွှေ့ကြေး ပေါင် ၂၂.၃ သန်း ပေးချေတဲ့ဘယ်အသင်းကိုမဆို ရောင်းချသွားမယ်လို့ သိရပါတယ်။

 

- ချယ်ဆီးအသင်းရဲ့ နည်းပြသစ် မူရီဇီယိုဆာရီဟာ အသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ အီဒင်ဟာဇက်နဲ့ ဂိုးသမား ကော်တိုရစ်တို့ကို ယနေ့နံနက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဘယ်ကိုမှ မသွားဖို့ ပြောကြားခဲ့တယ်လို့ Daily Mail က ရေးသားထားပါတယ်။

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် အသင်းကနေ ထွက်ခွာလိုတဲ့ဆန္ဒရှိနေသူ အန်သိုနီမာရှယ်ကို အလိုက်ထပ်ပေးသွားဖို့ ပြင်ဆင်နေတယ်လို့ Mirror သတင်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။

 

- အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့နောက်ခံကစားသမား ကိုစီရယ်နီဟာ အသင်းကနေ ထွက်ခွာဖို့ အတည်ပြုခဲ့ပြီး ဘယ်အသင်းကို ပြောင်းရွှေ့ဖြစ်မလဲဆိုတာမသိသေးကြောင်း ပြောကြားခဲ့ပါတယ်။

အိုဇေးလ်အနားယူမှာကို ဂျာမနီကစားသမားတွေ သဘောတူတယ်လို့ ပြောလိုက်တဲ့ နျူအာ 

ကိုစီရယ်နီဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၀ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က