သြစတြီးယား ကလပ်အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့တာပါ။

ရာသီကြိုပြင်ဆင်မှု အဖြစ် ခြေစမ်းပွဲတွေ ကစားနေတဲ့ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ သြစတြီးယားကလပ် အသင်း  တစ်သင်းဖြစ်တဲ့ ATV Irding အသင်းကို (၂၂)ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ နည်းပြ မာကိုဆေးဗားလ်ရဲ့ ပထမဆုံး ပွဲစဉ်အဖြစ် ခြေစမ်းပွဲ ကစားခဲ့တာ ဖြစ်ပြီး အဲဗာတန် ကစားသမား (၄)ဦးအထိ ဟက်ထရစ်သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo : Daily Mail

 

သြစတြီးယားလိဂ်စတုတ္ထတန်းအသင်းတစ်သင်းဖြစ်တဲ့ ATV Irdning နဲ့ပွဲကို စနေနေ့၊ နေ့လည်က ကစားခဲ့တာဖြစ်ပါတယ်။ အဲဗာတန်ကစားသမားတစ်ဦးဖြစ်တဲ့ ကီဗင်မီရာလက်စ်က တစ်ဦးတည်း (၅)ဂိုး သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံအသင်းရဲ့ လူစာရင်းမှာ ရွေးချယ်မှုမခံခဲ့ရတဲ့ မီရာလက်စ်အတွက်တော့ စနေနေ့နေ့လည်ခင်းဟာ ပျော်ရွှင်စရာ ဖြစ်ခဲ့ပါတယ်။

Photo : Daily Mail

 

လွတ်ခ်မန်းက (၃)ဂိုး၊ တိုဆွန် နဲ့ နီယာဆီတို့က (၄)ဂိုးစီ သွင်းယူခဲ့ကြပြီး လေတန်ဘိန်းစ်၊ မိုက်ကယ်ကိန်း၊ ဟိုးလ်ဂိတ်တို့က တစ်ဂိုးစီသွင်းယူခဲ့ကြပြီး ဗယ်လာဆစ်က (၂) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သြစတြီးယားအသင်းဘက်က ကိုယ့်ဂိုးကိုယ် တစ်ဂိုးသွင်းယူခဲ့လို့ အဲဗာတန်အသင်းဟာ (၂၂)ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo : Daily Mail

ခြေစွမ်းအဆင့်အတန်းချင်း ကွာဟခဲ့တဲ့ ပြိုင်ဘက်အသင်းနှစ်သင်းရဲ့ ပွဲစဉ်ဖြစ်တာကြောင့်လည်း အဲဗာတန်အသင်းက အလွယ်တကူ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလောက်များပြားတဲ့ ဂိုးအရေအတွက်ကို သွင်းယူနိုင်ခဲ့မှုကတော့ အံ့သြစရာဖြစ်ခဲ့ပါတယ်။ မာကိုဆေးဗားလ်ကတော့ သူ့ရဲ့ အဲဗာတန်နည်းပြဘ၀ ပထမဆုံးပွဲကို မေ့ပျောက်နိုင်စရာ မရှိတော့တဲ့ သွင်းဂိုးအရေအတွက်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo : Daily Mail

 

ရာသီကြိုပြင်ဆင်မှုအနေနဲ့ အဲဗာတန်အသင်းဟာ ခြေစမ်းပွဲ (၅)ပွဲ ကစားသွားမှာဖြစ်ပြီး နောက်ထပ် (၄)ပွဲ ထပ်မံကစားဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ သြဂုတ်လ (၁၁)ရက်နေ့မှာ ပရီးမီးယားလိဂ် ၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ အဖွင့်ပွဲစဉ်အဖြစ် တန်းတက်အသင်း ဝုလ်ဗ်ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က