ကိုယ်လုပ်ချင်တာပဲလုပ်လို့မရဘူးလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြမော်ရင်ဟိုဟာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ တိုက်စစ်မှူး အန်သိုနီမာရှယ်ကို ဘဝမှာ ကိုယ်လုပ်ချင်တာချည်းပဲ လုပ်လို့မရဘူးလို့ သတိပေးစကားပြောကြားခဲ့ပါတယ်။ မာရှယ်ရဲ့အေးဂျင့်ဟာ ပြီးခဲ့တဲ့လတုန်းက အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး မာရှယ်အတွက် အခွင့်အလမ်းပိုမိုရရှိဖို့ အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

346df-1532306703-800.jpg

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အန်သိုနီမာရှယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ရာသီမှာ ပွဲထွက်ခွင့်အနည်းငယ်သာ ရရှိခဲ့ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းက ဆန်းချက်ဇ် ရောက်ရှိလာပြီးနောက်ပိုင်းမှာ ပွဲထွက်ခွင့်အတွက် အခွင့်အလမ်းပိုမိုနည်းပါးသွားခဲ့တာဖြစ်ပါတယ်။

ယမန်နေ့က ရာသီကြိုခြေစမ်းပွဲအဖြစ် အမေရိက ကလပ်အသင်းတစ်သင်းဖြစ်တဲ့ San Jose Earthquakes အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မာရှယ်ကို ပွဲထွက်ကစားသမားစာရင်းမှာ ထည့်သွင်းကစားစေခဲ့ပြီး ဂိုးမရှိသရေရလဒ်နဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။

 

ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေရတဲ့ မာရှယ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းမှုကို နည်းပြမော်ရင်ဟိုက ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ကျွန်တော် အခု လော့စ်အိန်ဂျလိစ်မှာ ရှိနေချင်ခဲ့တယ်။ ဒါပေမယ့် အခု ဆန်ဟိုဆေးမှာ ရောက်နေတယ်"

"ဘဝမှာ ခင်ဗျားလုပ်ချင်တာတွေချည်းပဲ လုပ်နေလို့မရဘူး။ ကျွန်တော်ဆိုရင်လည်း လော့စ်အိန်ဂျလိစ်မှာ ရောက်နေချင်တယ်။ လော့စ်အိန်ဂျလိစ်မှာ လေ့ကျင့်ရေးလုပ်ချင်တယ်။ ကစားစရာရှိတဲ့ ၅ ပွဲစလုံးကိုလည်း လော့စ်အိန်ဂျလိစ်မှာပဲ ကစားချင်တယ်။ ဒါပေမယ့် အဲဒီကို မသွားရဘူး။ ဟိုတယ်လည်း မပြောင်းပေးဘူး။ ပြီးတာနဲ့ မန်ချက်စတာကိုပဲ ပြန်ရတော့မှာ"

"လက်စတာစီးတီးအသင်းနဲ့ တနင်္ဂနွေနေ့မှာ ကစားချင်ခဲ့တယ်။ ဒါပေမယ့်လည်း သောကြာနေ့မှာပဲ ကစားရမှာပဲ။ အဲဒီတော့ ခင်ဗျားလိုချင်တာချည်းပဲ ဘဝမှာ ရနေမှာမဟုတ်ဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က