ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရရှိခဲ့တာပါ။

ယနေ့နံနက် ၁ နာရီ ၃၅ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက ပင်နယ်တီအဆုံးအဖြတ် ၇ ဂိုး ၆ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ပထမပိုင်းအစကတည်းက ဦးဆောင်ဂိုးရရှိခဲ့ပြီး ပွဲပြီးဆုံးခါနီး ၁၇ စက္ကန့်မှာ ပေးခဲ့ရတဲ့ ချေပဂိုးကြောင့် အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။



_102793880_moratapen.jpg

Photos: Daily Mail

ချယ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ အဓိကကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပြီး ပထမပိုင်း ၅ မိနစ်မှာ ရူဒီဂါက ချယ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ၁၄ မိနစ်မှာ ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး မိုရာတာကကန်သွင်းခဲ့ရာမှာ အာဆင်နယ်အသင်းဂိုးသမား ပီတာချက်က အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာ ချယ်ဆီးအသင်းရဲ့တိုက်စစ်ကို ကာကွယ်ခဲ့ရပြီး ကစားကွက် မတည်နိုင်ဖြစ်နေခဲ့ပေမယ့် ဂိုးသမား ပီတာချက်နဲ့ နောက်ခံကစားသမားတွေက အစွမ်းကုန် ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးထပ်မံမပေးခဲ့ရတာဖြစ်ပါတယ်။

Photos: Daily Mail

 

ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းက တိုက်စစ်ကိုမြှင့်တင်ခဲ့ပြီ ချေပဂိုးပြန်လည်ရရှိဖို့ တရကြမ်းတိုက်စစ်ဆင်ကစားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့်တိုက်စစ်မှူးလာကာဇက်ရဲ့ အဆုံးသတ်မသေချာမှုကြောင့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှီပါဘူး။

မာရှယ်နဲ့ပတ်သက်ပြီး ဘာမှ မဖြေတော့တဲ့ နည်းပြမော်ရင်ဟို 

ဒုတိယပိုင်းပြီးဆုံးခါနီးလေ ပွဲက ပိုမိုအကြိတ်အနယ်ရှိလေဖြစ်ခဲ့ပြီး အချိန်ပို ၃ မိနစ် ပေးခဲ့ရာ ၉၃ မိနစ်မှာ အိုဇေးလ်ရဲ့အကွက်မြင်မြင်ပေးပို့မှုကို ရိစ်နယ်ဆင်က ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးပို့ခဲ့ရာမှာ လာကာဇက်က အမှားအယွင်းမရှိပိတ်သွင်းယူပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photos: Daily Mail

 

ပွဲကစားချိန် ပြည့်မြောက်ချိန်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြရာ ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား လော့ဖ်တက်ချိခ်ရဲ့ကန်သွင်းမှုကို ပီတာချက် ကာကွယ်နိုင်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့ဂိုးကန်သွင်းမှု ၆ ကြိမ်စလုံး လွဲချော်ခဲ့ခြင်းမရှိခဲ့တာကြောင့် အာဆင်နယ်အသင်းက ၇ ဂိုး ၆ ဂိုးနဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က