အောက်တိုဘာလထဲမှာ မိတ်ဆက်သွားဖို့ ရှိတဲ့ Huawei Mate 40 စီးရီးမှာ စိတ်ဝင်စားစရာကင်မရာစနစ် မြင်ရဖို့ ရှိပါတယ်။


လတ်တလော ကြားနေရတဲ့ သတင်းတွေအရ Huawei Mate 40 ဟာ ပြိုင်ဘက် high-end ဖုန်းတစ်ချို့မှာ မြင်ရတဲ့ 108MP sensor ကို သုံးသွားမယ်လို့ ဆိုပါတယ်။ 108MP ကင်မရာကို Samsung Galaxy S20 Ultra ၊ Xiaomi Mi 10 နဲ့ Motorola Edge+ တို့မှာ သုံးထားပြီး ဖြစ်ပေမယ့် များများစားစား သုံးလာတာမျိုး မတွေ့ရသေးပါဘူး။ 



Photo: kultejas


ITHome သတင်းရဲ့ အဆိုအရ Huawei Mate 40 စီးရီးမှာလည်း 108MP ကင်မရာ ပါလာမယ်လို့ ဆိုပါတယ်။ Huawei Supply Chain ဝန်ထမ်းတစ်ဦးဆီက ရတဲ့ သတင်းအရဆိုရင် Huawei Mate 40 ရဲ့ 108MP sensor သစ်ဟာ လက်ရှိ sensor တွေထက် ပိုပြီး စွမ်းဆောင်ရည် မြင့်မယ်လို့ ဆိုပါတယ်။ ဒီကင်မရာ sensor ဟာ 9P Lens သုံးသွားမှာ ဖြစ်လို့ Xiaomi Mi Note 10 Pro မှာ သုံးတဲ့ 8P lens ထက် ပုံကောင်းတဲ့ ပုံရိပ်တွေ ထုတ်နိုင်မှာပါ။

Huawei Mate 40 မှာ သုံးမယ့် ကင်မရာအကြောင်း အသေးစိတ် အချက်အလက်တွေ မသိရသေးပေမယ့် ကာလာချိန်ညှိမှုနဲ့ ပုံဖော်စနစ် စွမ်းရည်များလည်း အဆင့်မြှင့်သွားဖို့ ရှိပါတယ်။ Huawei P30 စီးရီးက စပြီး Huawei flagship ဖုန်းတွေမှာ RGB Filter ထက် အလင်းဖမ်းမှု ပိုမြင့်တဲ့ RYYB Color filter တပ်ဆင်လာပါတယ်။ Huawei Mate 40 ရဲ့ 108MP sensor မှာ RYYB Color Filter ပါမပါဆိုတာ မသိရသေးပါဘူး။

Huawei Mate 40 ဟာ Kirin 1000 လို့ခေါ်တဲ့ 5nm chipset နဲ့ လာမယ်လို့ ခန့်မှန်းထားပါတယ်။ Mate 40 စီးရီးဟာ 5G မော်ဒယ်ပဲ ထွက်ဖို့လည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က