ကင်မရာပိုင်းမှာ လေးစားလောက်စရာတွေ ပါလာဖို့ရှိပါတယ်
Nyein Min Wai

နိုဝင်ဘာ ၅ ရက်နေ့မှာ Xiaomi ဟာ ကျောဘက်ကင်မရာ ၅ လုံး သုံးထားတဲ့ ဖုန်းတစ်မျိုးကို ကြေညာသွားတော့မှာပါ။

Xiaomi Mi CC9 Pro နာမည်နဲ့မိတ်ဆက်သွားမယ့် ဒီဖုန်းဟာ global ဈေးကွက်မှာ Xiaomi Mi Note 10 နာမည်နဲ့ထွက်လာဖို့ရှိပါတယ်။ Mi CC9 Pro ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 108MP penta ကင်မရာသုံး ဈေးကွက်ဝင် စမတ်ဖုန်းလည်း ဖြစ်မှာပါ။ Xiaomi ဟာ ပြီးခဲ့တဲ့ လကပဲ108MP ကင်မရာကို ပထမဆုံး သုံးထားပြီး ကိုယ်ထည်တစ်ခုလုံး မှန်ပြင်ဖြစ်နေတဲ့ Mi Mix Alpha ကို မိတ်ဆက်ထားပါတယ်။




အွန်လိုင်းမှာ တရားဝင်သတင်းထွက်ထားတဲ့ ပုံတွေအရ Xiaomi Mi CC9 Pro ရဲ့ ကျောဘက်မှာ ထောင်လိုက် ၅ လုံးတန်း ကင်မရာနဲ့လာပြီး ကင်မရာတွေရဲ့ ဘေးမှာ dual-LED flash မီးနှစ်ခု ပါရှိတာ တွေ့ရပါတယ်။ အရန်ကင်မရာတွေထဲက တစ်လုံးဟာ 5x Optical zoom ရိုက်နိုင်မယ့် ကင်မရာတစ်လုံး ပါလာမယ်လို့ဆိုပါတယ်။ 5x optical zoom နဲ့၅လုံးတွဲ ကင်မရာစနစ်ဟာ Xiaomi ဖုန်းတွေမှာ ပထမဆုံး သုံးလိုက်တာပါ။

penta camera စနစ်ကို Nokia 9 PureView မှာ မိတ်ဆက်ထားသလို 5x optical zoom ကိုလည်း ပရီမီယံဖုန်းတစ်လုံးဖြစ်တဲ့ Huawei P30 Pro မှာ မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ telephoto ကင်မရာအနေနဲ့Mi CC9 Pro ဟာ 5x optical zoom အပြင် 10x hybrid zoom နဲ့50x digital zoom ဆိုပြီး ရိုက်ကူးနိုင်မှာပါ။

Xiaomi Mi CC9 Pro မှာ ပိုပြီး ထူးခြားလာတာက Samsung ISOCELL Bright HMX sensor သုံး108MP ကင်မရာသစ် ပါလာတာ ဖြစ်ပါတယ်။ 108MP sensor သစ်ဟာ ပိုပြီး တောက်ပရှင်းလင်းတဲ့ 27MP ပုံတွေ ထွက်နိုင်စေဖို့pixel-binning နည်းပညာကို သုံးထားတာပါ။ ကျန်တဲ့ ကင်မရာတွေအနေနဲ့portraits အတွက် 12MP depth sensor ၊ 20MP ultra-wide shooter နဲ့၁ စင်တီမီတာခွဲအထိ ပုံတွေကို အနီးကပ် ဆွဲရိုက်နိုင်မယ့် macro camera တွေပဲ ဖြစ်ပါတယ်။

Photo: GadgetsNDTV


ဒီဇိုင်းအနေနဲ့curved display သုံးသွားဖို့ရှိပြီး waterdrop notch ပဲ ဆက်ပါလာဖို့ရှိပါတယ်။ မျက်နှာပြင် ၆.၄၇ လက်မ OLED display နဲ့လာပြီး in-display fingerprint စနစ် သုံးမယ်လို့သတင်းထွက်ထားပါတယ်။ TENAA အချက်အလက်တွေအရ Mi CC9 Pro ဟာ Snadpragon 730G နဲ့လာပြီး 30W fast charging နဲ့မိတ်ဆက်မယ်လို့ဆိုပါတယ်။

ရှေ့ကင်မရာဟာ 32MP ဆယ်လ်ဖီကင်မရာ ဖြစ်ဖို့ရှိပြီး ဘက်ထရီပါဝါဟာ အကြီးစား 5170 mAh သုံးမယ်လို့TENAA မှာ ဖော်ပြထားပါတယ်။ ဒီဖုန်းမှာ 3.5mm headphone jack ပါပေမယ့် microSD card ပံ့ပိုးမှု ပါဖို့မရှိပါဘူး။ ဈေးနှုန်းနဲ့နောက်ထပ် ထူးခြားချက်တွေကိုတော့ နိုဝင်ဘာ ၅ ရက်နေ့မှာ ကြားရဦးမှာပါ။


က္က