Mi TV သစ်နဲ့MIUI 11 တို့ပါ ကြေညာသွားဖို့ရှိပါတယ်
Nyein Min Wai

လာမယ့် စက်တင်ဘာ ၂၄ ရက်နေ့မှာ Xiaomi ဟာ Mi 9 Pro နဲ့Mi Mix 4 တို့ကို ကြေညာသွားတော့မှာပါ။


5G ဖုန်းတွေအဖြစ် မြင်ရမယ့် ဒီဖုန်းသစ်နှစ်မျိုးထဲမှာ Xiaomi Mi Mix 4 (ဖိတ်စာမှာ Mi Mix 5G လို့ဖော်ပြထား) ဟာ Samsung ISOCELL Bright HMX 108MP main sensor ကင်မရာကို ပထမဆုံး သုံးမယ့်ဖုန်းအဖြစ် မြင်ရဖို့ရှိနေပါတယ်။ သတင်းတွေအရ Xiaomi Mi Mix 4 ဟာ telephoto နဲ့wide-angle lens တွေနဲ့အတူ 108MP ပင်ကင်မရာကို မိတ်ဆက်မယ်လို့ဆိုပါတယ်။

Photo: financialexpress

Mi Mix 4 နဲ့ပတ်သက်ပြီး ကြားရတဲ့ သတင်းတွေမှာတော့ ဒီဖုန်းဟာ Vivo NEX 3 လိုမျိုး waterfall screen ခုံးဒီဇိုင်း သုံးသွားမယ်လို့ဖော်ပြထားပါတယ်။ သေချာတာက Mi Mix 4 ရဲ့ screen ဟာ 90Hz refresh rate ပါလာမှာပါ။

ရှေ့ကင်မရာဟာ pop-up ဒီဇိုင်း သုံးဖို့ရှိပြီး ကင်မရာတွေအကြောင်း အချက်အလက် မကြားရသေးပါဘူး။ high-end ဖုန်းဖြစ်တဲ့ အတိုင်း အမြင့်ဆုံး SoC ဖြစ်တဲ့ Snapdragon 855 Plus porcessor နဲ့လာဖို့ရှိပြီး RAM/storage ဟာ 12GB/1TB အထိ ရှိမယ်လို့သတင်းထွက်ထားပါတယ်။



Mi 9 Pro 5G ကတော့ TENAA မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ပေါက်ကြားထားပြီး ၆.၃၉ လက်မ Super AMOLED display ကို သုံးမယ်လို့ဖော်ပြထားပါတယ်။ 4000 mAh ဘက်ထရီ ၊ 30W Mi Charge Turbo Wireless charging စနစ် ပါပြီး Mi Mix 4 လိုပဲ Snapdragon 855+ သုံးမှာပါ။

Xiaomi ရဲ့ ဖုန်းသစ်နှစ်မျိုးကို စက်တင်ဘာ ၂၄ ရက်မှာ ကြေညာသွားမှာ ဖြစ်ပြီး ဒီပွဲမှာ Mi TV သစ်နဲ့အတူ MIUI 11 ပါ ကြေညာသွားဖို့ရှိပါတယ်။


က္က