5G ဖုန်းတွေအဖြစ် မြင်ရဖို့ ရှိပါတယ်
Nyein Min Wai

၂၀၂၀ မှာ Samsung ဟာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ Galaxy S11 စီးရီးကို မိတ်ဆက်သွားဖို့ ရှိပါတယ်။

အထူးသဖြင့် ကင်မရာစနစ်ဟာ Galaxy S11 မှာ အပြောင်းအလဲ အများဆုံး လုပ်မယ့်အရာ ဖြစ်ဖို့ ရှိပါတယ်။ Bloomberg သတင်းတစ်ပုဒ်အရ ၂၀၂၀ ထုတ် Samsung flagship ဖုန်းတွေဟာ 108MP ကင်မရာ သုံးမယ်လို့ ဆိုပါတယ်။ ဒီ manin ကင်မရာနဲ့အတူ 5x tele lens နဲ့ ultrawide lens တစ်ခု ပါလာဖို့ ရှိပြီး Galaxy Note 10 Plus လိုမျိုး Time of Flight (ToF) sensor တစ်ခုလည်း ပါလာဖို့ ရှိပါတယ်။


Photo: Android Authority

108MP sensor ကို Xiaomi ရဲ့ concept ဖုန်းတစ်လုံးဖြစ်တဲ့ Mi Mix Alpha မှာ စပြီး မိတ်ဆက်ခဲ့တာပါ။ အခုနောက်ပိုင်း ထွက်လာတဲ့ Mi Note 10 မှာလည်း ဒီကင်မရာစနစ်ကို သုံးထားပါတယ်။ Samsung ကနေ မိတ်ဆက်လိုက်တဲ့108MP ISOCELL Bright HMX sensor ဟာ Pocophone F1 ကို ထုတ်လုပ်ထားတဲ့ Xiaomi နဲ့ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပြီး အဆင့်မြင့် DSLR ကင်မရာအာရုံခံစနစ်လိုမျိုးတွေ ပါဝင်မယ်လို့ဆိုပါတယ်။

ISOCELL Bright HMX ဟာ 108MP ရုပ်ထွက်မြင့် ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး 6K video ( 6016 x 3384 pixele per frame) တွေကို 30fps နှုန်းနဲ့ဖမ်းယူနိုင်မယ်လို့ဆိုပါတယ်။ sensor အရွယ်အစားဟာ 48MP ISOCELL Bright GM1 ထက် ၁၂၅% ပိုကြီးတဲ့ 1/1.33 လက်မ ဖြစ်ပြီး အမှောင်နဲ့မှုန်ဝါးနေတဲ့ ပတ်ဝန်းကျင်မျိုးမှာ အလင်းကို ပိုပြီး စုပ်ယူမှုအားကောင်းမယ်လို့ကုမ္ပဏီက ကြေညာပါတယ်။

super low-light ရိုက်ချက်ပံ့ပိုးမှု ပါလာပြီး အလင်းအနေအထားလိုက်ပြီး ISO Level ကို ချိန်ညှိပေးမယ့် Smart ISO စနစ်လည်း သုံးထားပါတယ်။

Galaxy S11 Plus သစ်ဟာ 5000 mAh ဘက်ထရီ အထိ သုံးသွားဖို့ ရှိပြီး Galaxy S11e ကိုလည်း 5G ဖုန်းတစ်လုံးအဖြစ် မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ တကယ်လို့ ဒီအချက်မှန်ရင်တော့ Galaxy S11 series တစ်ခုလုံးဟာ 5G ဗားရှင်းတွေအဖြစ် ထွက်လာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က