ကင်မရာအမြင့် ဖုန်းတွေခေတ် ရောက်တော့မလား

လာမယ့် ၂၀၂၀ ဟာ စမတ်ဖုန်းကင်မရာ နည်းပညာပြိုင်မယ့်နှစ်ဖြစ်လာဖို့ရှိပါတယ်။

Ice Universe သတင်းမှာ ဖော်ပြချက်အရ 108MP ကင်မရာသုံး စမတ်ဖုန်းတစ်ချို့ကို လာမယ့်နှစ်မှာ မြင်ရမယ်လို့ဆိုပါတယ်။ အလားတူ သတင်းတစ်ခုကတော့ ဒီနှစ် နှစ်လယ်ပိုင်းမှာ 65MP sensor သုံး စမတ်ဖုန်းတွေ မြင်ရမယ်လို့ဆိုတာကြောင့် စမတ်ဖုန်းတွေမှာ Megapixel ပမာဏ ပြိုင်ဆိုင်မှူ မြင့်လာဖို့ရှိနေပါတယ်။



Photo: Target

ကမ္ဘာကျော် chipset maker ကြီး ဖြစ်တဲ့ Qualcomm ကလည်း စမတ်ဖုန်းတွေမှာ 64MP နဲ့100MP ကင်မရာတွေ သုံးတော့မယ်လို့ခန့်မှန်းထားတာကြောင့် စမတ်ဖုန်းကင်မရာ MP အမြင့်တွေ မြင်ရဖို့သေချာသလောက် ရှိပါတယ်။ 64MP sensor နဲ့ 48MP sensor တို့ဟာ pixel ၄ ခုကို ၁ ခုအဖြစ် ပေါင်းစည်းပြီး ထုတ်နိုင်မယ့် စနစ်ဖြစ်ပြီး Sony IMX586 sensor သုံး 48MP ကင်မရာမှာဆို ညပိုင်း ရိုက်ချက်တွေမှာ 12MP 1.6 micron pixel နဲ့ညီတဲ့ ပုံတွေ ရိုက်ကူနိုင်မယ်လို့ဆိုပါတယ်။

တကယ်လို့108MP ကင်မရာ သုံး စမတ်ဖုန်းတွေ ထွက်လာမယ်ဆိုရင်တော့ 27MP ပုံတွေ ထုတ်နိုင်တော့မှာပါ။ နောက်ထပ် စိတ်ဝင်စားစရာက 10 x optical zoom ပါ။ 10 x zoom periscope သုံးတဲ့ ဖုန်း ၊ 108MP ကင်မရာသုံး ဖုန်းရယ်လို့လောလောဆယ် ဘယ်ကုမ္ဗဏီကမှ မကြေညာသေးပါဘူး။

Photo: The Strait Times

10x optical zoom ဟာ တကယ့် optical zoom စနစ်ဖြစ်လို့၁၀ဆ ဆွဲကြည့်လို့ရုပ်ထွက်ဝါးတာ မငြိမ်တာ ဖြစ်မှာ မဟုတ်ပါဘူး။ OPPO ဟာ မကြာသေးခင်ကပဲ 10x zoom သုံး OPPO Reno ကို ကြေညာခဲ့ပြီး တစ်ခုရှိတာက သူ့ရဲ့ Zoom ဟာ 10 x hybrid နဲ့5x optical zoom ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၂၀ ပြည့်နှစ်မှာ ကင်မရာစွမ်းရည် မြင့်ဖုန်းတွေ မြင်ရမှာ သေချာနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က