OPPO F19 ဖုန်းသစ်လည်း မိတ်ဆက်ဖို့ရှိပါတယ်။
Nyein Min Wai

ဇန်နဝါရီလ ၁၆ ရက်နေ့မှာ OPPO ဟာ စမတ်ဖုန်းကင်မရာလောကကို လှုပ်ခတ်စေမယ့် နည်းပညာတစ်ရပ်ကို ကြေညာသွားဖို့ရှိပါတယ်။

Photo: slashgear



         ဘေဂျင်းမှာ မိတ်ဆက်သွားမယ့် ဒီဖုန်းဟာ ဂဏန်းနံပါတ် ၁၀ ကို ဖိတ်စာမှာ တပ်ထားပြီး ဒီပွဲအတွက် tagline လုပ်ထားတဲ့ စာသားကတော့ မြင်ကွင်းကို ၁၀ ဆ လို့အဓိပ္ပါယ်ရတဲ့ စာသား ဖြစ်ပါတယ်။ ဒီအချက်ကြောင့် OPPO အနေနဲ့10x lossless zoom စနစ်ကို ဒီပွဲမှာ မိတ်ဆက်မယ်လို့ ယူဆထားရပြီး နည်းပညာ concept အနေနဲ့မိတ်ဆက်တာပဲ ဖြစ်ဖို့များပါတယ်။

         စမတ်ဖုန်းကင်မရာတွေမှာ digital zoom တွေကို high level အထိ ဆွဲနိုင်လာပြီ ဆိုပေမယ့် zoom ဆွဲမှု များလေလေ ရုပ်ထွက် resolution ပိုင်း ထိလာလေလေ ဖြစ်ပါတယ်။ optical zoom တစ်ခုဟာ ပုံအရည်အသွေးမကျဘဲနဲ့zoom ဆွဲဖို့ကင်မရာ lens ကို အလင်းကစားတဲ့ပေါ် မူတည်နေတာပါ။ ဒါကလည်း စမတ်ဖုန်းဒီဇိုင်းနဲ့လည်း ဆိုင်ပါတယ်။ လက်ရှိ lens တွေဟာ 2x optical zoom အထိပဲ အမြင့်ဆုံး ရနေတာ ဖြစ်ပါတယ်။

         OPPO ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲမှာ ကျင်းပသွားတဲ့ MWC 2017 ပွဲမှာ 5x optical zoom စနစ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီနည်းပညာကို မိတ်ဆက်ခဲ့ပေမယ့် ဈေးကွက်မှာ 5x optical zoom နဲ့စမတ်ဖုန်းကို မတွေ့ရသေးပါဘူး။ မကြာခင် ဈေးကွက်ထဲ ရောက်လာဖို့ရှိတဲ့ OPPO F19 မှာ 5x zoom စနစ်အခြေခံထားတဲ့ ကျောဘက်ကင်မရာ ၃ လုံး သုံးသွားဖို့ရှိနေပါတယ်။ လက်ရှိကြားနေရတဲ့ သတင်းတွေအရ OPP F19 ဟာ VOOC Flash Charging နည်းပညာနဲ့လာမယ်လို့ဆိုပါတယ်။

         မျက်နှာပြင် ၆.၃ လက်မ Full View display သုံးမယ့် ဒီဖုန်းဟာ Qualcomm Snapdragon 675 SoC ပါရှိပြီး ဈေးကွက်ပေါ် လိုက်လို့MediaTek Helio P90 processor ကိုလည်း သုံးဖို့ရှိနေပါတယ်။

ကင်မရာစနစ်ပိုင်းမှာ MWC 2017 ပွဲမှာ ပြသခဲ့တဲ့ 5x Dual zoom နည်းပညာနဲ့လာဖို့ရှိပါတယ်။ ဒီနည်းပညာဟာ ကင်မရာတပ်ဆင်မှုကို ပယ်ရီစကုပ်စတိုင် ဆင်သွားမှာ ဖြစ်ပြီး ရိုးရိုး sensor တစ်ခုနဲ့အလင်းလမ်းလွဲှပေးမယ့် ဘေးတိုက် side-facing sensor တို့ပါဝင်မှာပါ။ OPPO F19 နဲ့F19 Pro တို့ဟာ လက်ရှိ ခေတ်စားနေတဲ့ ကင်မရာပေါက် punch hole စနစ်ကိုလည်း သုံးသွားဖို့ရှိနေပါတယ်။

      


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က