တရုတ်ဈေးကွက်မှာ ပထမဆုံး မိတ်ဆက်သွားမှာပါ

OPPO ကတော့ Reno ဆိုတဲ့ နာမည်နဲ့ထူးခြားတဲ့ စမတ်ဖုန်း brand တစ်ခုကို ဧပြီလ ဒုတိယပတ်မှာ ဈေးကွက်ထဲ ဝင်ရောက်လာတော့မှာပါ။


Photo: Gizmochina



         တရုတ်နိုင်ငံမှ OPPO ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ စာရင်းတွေအရ ဒီဖုန်းဟာ ရှေ့မှန်ပြင်ပြည့် ဒီဇိုင်းဖြစ်ပြီး notch လုံးဝ မသုံးထားတာ တွေ့ရပါတယ်။ မျက်နှာပြင်အရွယ်အစားကို မသိရသေးပေမယ့် ဒီဖုန်းဟာ ထူးခြားတဲ့ ကာလာ ၄ မျိုးဖြစ်တဲ့ Nebula Purple, Extreme Night Black, Fog Sea Green နဲ့Mist Powder ကာလာတွေနဲ့ထွက်လာမယ်လို့ကြေညာထားပါတယ်။ OPPO Reno ဟာ RAM 6GB နဲ့8GB နှစ်မျိုးနဲ့လာပြီး storage ကိုလည်း 128GB နဲ့256GB ဗားရှင်းဆိုပြီး ထွက်ထားပါတယ်။

         OPPOShop တစ်ခုမှာ ဒီဖုန်းဟာ Panoramic screen လို့ခေါ်တဲ့ အဆင့်မြင့် ဖျော်ဖြေရေးသုံး screen နဲ့လာမယ်လို့ဆိုပါတယ်။ ကင်မရာပိုင်းမှာ 48MP ကင်မရာ ပါပြီး ထူးထူးခြားခြားအနေနဲ့10x optical zoom Edition ဆိုပြီး ထွက်လာမှာပါ။ လက်ရှိ high-end ဖုန်းတွေအတွက်တော့ ပြိုင်ဘက်သစ် တိုးလာပြီလို့ပြောရမှာပါ။ 10x zoom လုပ်ဆောင်ချက်ပါမှာ ဖြစ်လို့periscope ကင်မရာ ပါမှာကတော့ သေချာပါတယ်။

         နောက်တစ်ချက်က ဒီဖုုန်းရဲ့ marketing video မှာ Ultra Clear Night View 2.0 စနစ် သုံးထားတဲ့အကြောင်းပါ လို့အလင်းအားနည်းတဲ့ အချိန်တွေမှာ တောက်ပကြည်လင်တဲ့ ဗွီဒီယိုတွေ ရိုက်ကူးနိုင်ဖို့ရှိပါတယ်။ အားသွင်းစနစ်ပိုင်းမှာ OPPO VOOC 2.0 ထက် ၂၃.၈% ပိုမြန်တဲ့ VOOC 3.0 အမြန်အားသွင်းနည်းပညာသစ်ကို သုံးသွားမယ်လို့ဆိုပါတယ်။ OPPO Reno ဟာ ဘက်ထရီအနေနဲ့4065mAh ဘက်ထရီ သုံးထားလို့ဘက်ထရီပါဝါမှာလည်း အားကောင်းတဲ့ ဖုန်းလို့ပြောနိုင်ပါတယ်။

         တရုတ်ဈေးကွက်မှာ ဒီဖုန်းရဲ့ အမြင့်ဆုံးမော်ဒယ် Ram 8GB/256GB storage ကို ၉၉၉၉ ယွမ် (မြန်မာငွေ ၂၂ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။ OPPO Reno ဟာ 5G ဗားရှင်းအနေနဲ့လည်း မိတ်ဆက်သွားဖို့ရှိပြီး ဒီဖုန်းကိုတော့ ဧပြီ ၂၄ ရက်နေ့မှာ ဖြန့်ချိသွားဖို့ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က