triple lens သုံးသွားမှာပါ

မကြာခင် ထွက်ရှိလာမယ့် Sony flagship ဖုန်းဟာ စိတ်ဝင်စားစရာကင်မရာနဲ့ အမိုက်စား screen ပါလာမယ်လို့ သတင်းပြေးနေပါတယ်။

Sony Xperia 5 II ဟာ အရင်နှစ်က ထွက်ခဲ့တဲ့ Xperia 5 ရဲ့ အဆက်ဖြစ်ပြီး ဒီဇိုင်းပိုင်းမှာ Xperia 1 II ရဲ့ အငယ်စားဗားရှင်းအဖြစ် မြင်ရမှာပါ။ Xperia 5 II ဟာ ဒီနေ့ခေတ်ရဲ့ Compact Size လို့ ဆိုရမယ့် ၆.၁ လက်မ FHD+ OLED panel နဲ့ လာမှာပါ။ စိတ်ဝင်စားဖို့ကောင်းတာက high-end ဖုန်းတွေရဲ့ screen မှာ တွေ့နေရတဲ့ 120Hz refresh rate ပါမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။



Photo: The Verge

21:9 aspect ratio သုံးထားတဲ့ ဒီဖုန်းဟာ 240Hz touch sampling rate ပါရှိမယ်လို့ ဆိုပါတယ်။ Xperia 5 II မှာ အတွင်းပိုင်း Hardware specs တွေကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။ ထူးခြားချက်က Xperia 5 မှာ မပါခဲ့တဲ့ 3.5mm headphone jack ကိုလည်း ဒီဖုန်းမှာ ထည့်သွင်းသွားဖို့ ရှိနေပါတယ်။

Sony Xperia 5 II ဟာ 4000mAh ဘက်ထရီနဲ့ လာပြီး ၂၀၂၀ ရဲ့ High-end processor ဖြစ်တဲ့ Snapdragon 865 SoC သုံးသွားမှာပါ။ RAM 8GB အထိ ပါပြီး storage 128GB နဲ့ လာမယ်လို့ သတင်းထွက်နေပါတယ်။ storage ကို ထပ်မြှင့်ဖို့အတွက်လည်း microSD card တစ်ခု ထည့်ပေးသွားဖို့ ရှိပါတယ်။



ကင်မရာစနစ်ဟာ Sony Xperia 1 II နဲ့ ဆင်ပြီး Zeiss lens တွေ သုံးသွားမယ်လို့ ဆိုပါတယ်။ ကျောဘက်ကင်မရာဟာ ထောင်လိုက် သုံးလုံးတွဲစနစ် ဖြစ်ပြီး 12MP ကင်မရာ သုံးလုံးနဲ့ လာဖို့ ရှိပါတယ်။ သတင်းတွေအရ ToF sensor တော့ ပါလာဖို့ မရှိပါဘူး။ 

အခုထိတော့ သတင်းအချက်အလက်အားလုံးဟာ ခန့်မှန်းချက်အဆင့်မှာပဲ ရှိပါတယ်။ Sony ဟာ လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာ အွန်လိုင်းကနေ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကျင်းပသွားဖို့ ရှိပြီး ဒီပွဲမှာ Xperia 5 II အကြောင်း အပြည့်အစုံ သိရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က