ဈေးသက်သာတဲ့ flagship ဖုန်းတွေ မြင်ရဦးမှာပါ
Nyein Min Wai

8K ဗွီဒီယိုတွေကို 30fps နှုန်းနဲ့ရိုက်နိုင်မယ့် Xiaomi ဖုန်းအကြောင်း သတင်းတွေ ထွက်လာပြီးနောက် အခုဆိုရင် Refresh rate မြင့်တဲ့ ဖုန်းသစ်တစ်မျိုးကို ထုတ်လုပ်သွားဖို့ရှိနေပါတယ်။

Photo: xda-developers

MIUI 11 beta ဗားရှင်းအရ display settings ထဲမှာ 120Hz option ပေးထားတယ်လို့XDA Developers က ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် Xiaomi ဟာ လက်ရှိ စမတ်ဖုန်းတွေထဲမှာ refresh rate အမြင့်ဆုံးဖုန်းတွေဖြစ်တဲ့ ROS Phone 2 တို့Razer Phones တို့လို အမြင့် ဂိမ်းဖုန်းတစ်ချို့မှာပဲ မြင်ရမယ့် feature ကို သုံးတော့မယ့်သဘောပါ။

Xiaomi ရဲ့ ပထမဆုံး 120Hz display ဖုန်းဟာ System Display Settings ထဲကနေ refresh rate ကို 60Hz နဲ့120Hz အဖြစ် toggle အဖွင့်အပိတ်နဲ့ပြောင်းပေးနိုင်မယ်လို့ဆိုပါတယ်။ Xiaomi အနေနဲ့အမြင့်ဆုံး display refresh rate ဖြစ်တဲ့ 90Hz ကို Black Shark 2 Pro မှာပဲ မိတ်ဆက်ခဲ့တာပါ။ စမတ်ဖုန်းလောကမှာ အများဆုံးမြင်ရတာက 60Hz screen ဖြစ်ပြီး 90Hz screen သုံးတဲ့ OnePlus 7 series တွေမှာဆို ဒီ feature ကပဲ Impressive ဖြစ်စရာကောင်းနေပါတယ်။

refresh rate မြင့်တဲ့ display အပြင် Xiaomi နောက်ထွက်ဖုန်းတွေမှာ မြင်ရမယ့်အချက်က အဆင့်မြင့်လာတဲ့ telephoto sensor တွေ ဖြစ်ပါတယ်။ MIUI 11 ကင်မရာ app menu ထဲမှာပဲ 5x optical zoom ဆွဲနိုင်မယ့် telephoto sensor သစ်တစ်မျိုးကို ပံ့ပိုးပေးထားတယ်လို့ဆိုပါတယ်။ ဒါတင်မဟုတ်ဘဲ 50x digital zoom အထိ ဆွဲနိုင်မယ့် ultra-telephoto mode တစ်ခု ပါလာမယ်လို့သတင်းထွက်ထားပါတယ်။


က္က