မေလထဲမှာ မိတ်ဆက်သွားမလား

၂၀၂၀ အတွက် အကောင်းဆုံးအန်းဒရိုက်ဖုန်းတွေထဲက တစ်လုံး ဖြစ်လာမယ့် OnePlus 8 ဖုန်းသစ်တွေအကြောင်း ကြားရတာ စိတ်ဝင်စားစရာပါ။


OnePlus 8 ဟာ အိန္ဒိယစံချိန်စံညွှန်းဗြူရို (BIS) ရဲ့ ထောက်ခံချက် ရထားပြီး Pro မော်ဒယ်ကတော့ Geekbench ပေါ် တက်လာခဲ့ပြီ ဖြစ်ပါတယ်။ OnePlus ဟာ ဒီနှစ်ထဲမှာ OnePlus 8 ၊ OnePlus 8 Pro နဲ့ OnePlus 8 Lite ဆိုပြီး မော်ဒယ် ၃ မျိုးစလုံးကို တစ်ခါတည်းမိတ်ဆက်သွားဖို့ ရှိပါတယ်။

ပေါက်ကြားလာတဲ့ ပုံတွေအရ OnePlus 8 နဲ့ OnePlus 8 Pro ဟာ ဘယ်ဘက်အပေါ်ထောင့်မှာ punch-hole ကင်မရာနဲ့ ကျောဘက်အလယ် ထောင်လိုက်ကင်မရာတွေ တပ်ဆင်ထားတာ တွေ့ရပါတယ်။ Lite ဗားရှင်းကတော့ ဖုန်းအလယ် အပေါ်ဘက် punch-hole ကင်မရာနဲ့ ကျောဘက်မှာ ဘေးကပ် သုံးလုံးတွဲထောင်လိုက်ကင်မရာစနစ် သုံးထားပါတယ်။


Photo: BeeBom

OnePlus 8 နဲ့ OnePlus 8 Pro ဟာ Quad Camera setup နဲ့ လာဖို့ ရှိပြီး OnePlus 8 Lite ကတော့ ကင်မရာ သုံးလုံးသုံးသွားဖို့ ရှိပါတယ်။ OnePlus 8 Lite ဟာ Qualcomm chip ကို မသုံးတဲ့ ပထမဆုံး OnePlus ဖုန်း ဖြစ်ဖို့ ရှိပါတယ်။ GAMArena သတင်းမှာ OnePlus 8 Lite ဟာ MediaTek Dimensity 800 5G chipset သုံးမယ်လို့ ဆိုပါတယ်။

ကျန်တဲ့ OnePlus 8/8 Pro တို့ဟာ Snapdragon 865 chipset သုံးဖို့ များပါတယ်။ RAM 12GB အထိ သုံးသွားဖို့ ရှိပြီး အားလုံးက 5G ဖုန်းတွေအဖြစ် မြင်ရမှာပါ။ Pro မော်ဒယ်ကတော့ display နည်းပညာပိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ 120Hz OLED display ကို သီးသန့်အသုံးပြုလာမယ်လို့ ဆိုပါတယ်။ OnePlus 8 နဲ့ OnePlus 8 Lite တို့က 90Hz screen နဲ့ လာမှာပါ။

OnePlus 8 Pro ရဲ့ display ဟာ High Dynamic Range (HDR) content တွေအတွက် တောက်ပမှုအမြင့်ဆုံး ဖြစ်တဲ့ 1000 nits အထိ ပံ့ပိုးပေးနိုင်ပြီး touchscreen က လက်ချောင်းရဲ့ ထိတွေ့လှုပ်ရှားမှုကို ဖမ်းယူနိုင်တဲ့ ကြိမ်နှုန်းက 240Hz အထိ ရှိပါတယ်။ OnePlus 8 Pro ဟာ Gaming ဖုန်းမဟုတ်တဲ့ စမတ်ဖုန်းတွေထဲမှာ 120Hz display ကို ပထမဆုံး သုံးတဲ့ဖုန်းလို့ ပြောနိုင်ပါတယ်။


Photo: antutu

ROG Phone 2 နဲ့ Razer Phone 2 တို့ကတော့ 120Hz display ကို ပြီးခဲ့တဲ့နှစ်က အသုံးပြုထားပါတယ်။ Refresh rate အမြင့် ဖုန်းတွေဟာ ဘက်ထရီသုံးစွဲမှု မြင့်မားတဲ့ ပြဿနာရှိပါတယ်။ OnePlus ရဲ့ CEO ပီတီလောင်ကတော့ ကုမ္ပဏီအနေနဲ့ ဘက်ထရီစွမ်းအင်သုံးစွဲမှု အကောင်းဆုံးဖြစ်ဖို့ အာရုံစိုက်ထားတယ်လို့ ပြောထားပါတယ်။

OnePlus 8 စီးရီး မိတ်ဆက်မယ့်ရက် မသိရသေးပေမယ့် မေလထဲမှာ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ အရင်အရင် OnePlus 7 နဲ့ OnePlus 6 တို့ကို မေလထဲမှာ ကြေညာခဲ့ပြီး OnePlus 5 ကတော့ ဇွန်လထဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က