ဒီဇိုင်းပါ ပြောင်းဖို့ ရှိပါတယ်

Apple ရဲ့ အသစ်ထွက်လာမယ့် iPhone မှာ အပြောင်းအလဲ ကြီးကြီးမားမားတွေ ပါလာမှာ သေချာသလောက် ရှိပါတယ်။


iPhone 12 Pro ဟာ 120Hz ProMotion Display ၊ 3x ကျောဘက်ကင်မရာ နဲ့ ပိုကောင်းတဲ့ Face ID တစ်ခု ပါလာဖွယ် ရှိတယ်လို့ EverythingApplePro YouTube ချန်နယ်က ဆိုပါတယ်။ ဒီချန်နယ်ရဲ့ leaker ဝိန်းဘာ့ချ်အဆိုအရ iPhone 12 Pro ဟာ မျက်နှာပြင် ၆.၁ လက်မနဲ့ ၆.၇ လက်မအရွယ်အစားတွေနဲ့ ထွက်လာပြီး iPad Pro အတိုင်း 120Hz ProMotion display ပါရှိမှာပါ။




ပိုသွက်လာတဲ့ higher refresh rate နဲ့ 5G ဆယ်လူလာကွန်ရက်ကြောင့် ပါဝါသုံးစွဲမှု မြင့်လာမှာ ဖြစ်လို့ ဘက်ထရီပါဝါကိုလည်း ပိုကြီးအောင် မြှင့်လာဖို့ ရှိပါတယ်။ ဝိန်းဘာ့ချ်ကတော့ ၆.၇ လက်မအကြီးဆုံးမော်ဒယ် iPhone 12 Pro Max ဟာ ဘက်ထရီပါဝါ 4400 mAh သုံးသွားမယ်လို့ ဆိုပါတယ်။

iPhone သစ်ရဲ့ display ဟာ ဘက်ထရီသက်တမ်းထိန်းနိုင်ဖို့ 60Hz နဲ့ 120Hz အကြား ဆက်တိုက်ပြောင်းလဲ ပေးနိုင်မယ်လို့ ဆိုပါတယ်။ iPhone 12 စီးရီးဟာ ပိုသေးတဲ့ notch နဲ့ လာပြီး အကြမ်းခံမှု မြင့်မားတဲ့ မှန်ပြင်သုံးသွားဖို့ ရှိပါတယ်။ အရောင်အနေနဲ့လည်း iPhone 12 Pro ဟာ Navy Blue ကာလာသစ်နဲ့ပါ မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

ကောလာဟလတွေအရ Apple ဟာ iPhone 12 Pro စီးရီးမှာ 64MP ကင်မရာ sensor သုံးဖို့ ရှိတယ်လို့ ထွက်ထားပေမယ့် Apple အင်ဂျင်နီယာတွေကတော့ 64MP ကင်မရာရဲ့ auto-focus ပိုင်းကို သိပ်မကြိုက်တာကြောင့် ပိုကြီးတဲ့ 12MP sensor ပဲ သုံးသွားဖို့ များနေပါတယ်။ Apple ဟာ LiDAR sensor အကူအညီနဲ့ iPhone သစ်မှာ Auto-focus နဲ့ Low-Light စွမ်းဆောင်ရည် ပိုကောင်းအောင် မြှင့်ဖို့ ရှိပါတယ်။


Photo: Apple Insider

Apple ဟာ iPhone 12 စီးရီးမှာ Low-Light ရိုက်ချက် ပိုကောင်းအောင် လုပ်ဖို့ ရှိပါတယ်။ Night Mode အတွက် EIS မြှင့်တင်ပြီး အလင်းအားနည်းချိန် လုပ်ဆောင်ချက် ပိုကောင်းအောင် လုပ်ဖို့ ရှိသလို Low-light မှာ Slow-Mo ဗွီဒီယိုရိုက်ကူးမှုနဲ့ ပိုကောင်းတဲ့ အာကာသဓါတ်ပုံစနစ် သုံးသွားမှာပါ။

Audio Zoom features ဟာ ပိုကောင်းတဲ့ noise reduction ထုတ်နိုင်ဖို့ Smart HDR အကူအညီနဲ့ အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်။ Tele ကင်မရာဟာ 3x Optical zoom နဲ့ Night Mode support ပေးသွားမယ်လို့ ဆိုပါတယ်။ ဒီနှစ်ထဲမှာ iPhone 12 မော်ဒယ် ၄ မျိုး ထွက်ဖို့ ရှိပြီး မိတ်ဆက်ဖို့ရက် နောက်ကျဖို့ ရှိပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က