MWC Shanghai 2019 မှာ ကြေညာသွားဖို့ရှိပါတယ်

4000 mAh ဘက်ထရီသုံး ဖုန်းတစ်လုံးကို ၁၃ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် ကမ္ဘာ့အမြန်ဆုံး အားသွင်းနည်းပညာတစ်ခုကို Vivo မှ မိတ်ဆက်သွားတော့မှာပါ။

        Super Fast Charging အားသွင်းနည်းပညာပိုင်းမှာ OPPO နဲ့Huawei တို့ဟာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ကုမ္ဗဏီနှစ်ခု ဖြစ်ပေမယ့် Vivo ကတော့ ဒီနည်းပညာတွေထက် ၂ ဆ ၃ ဆ ပိုကောင်းတဲ့ အားသွင်းနည်းပညာကို တီထွင်နေပြီလို့ကုမ္ဗဏီရဲ့ Weibo လူမှူကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။





        Huawei ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ တစ်နာရီကျော်အတွင်း အားအပြည့်သွင်းနိုင်မယ့် 40W charging နည်းပညာကို Mate 20 Pro မှာ စတင်ကြေညာခဲ့သလို OPPO ကလည်း OPPO Find X မှာ 50W Super VOOC charging နည်းပညာနဲ့ဈေးကွက်မှာ ထိုးဖောက်ခဲ့ပါတယ်။

        Vivo ကနေ တရားဝင် ကြေညာချက်အရ ကုမ္ဗဏီဟာ 120W Super FlashCharge နည်းပညာသစ်ကို လူတိုင်း သုံးနိုင်အောင် စီစဉ်နေတယ်လို့ဆိုပါတယ်။ ဒီနည်းပညာဟာ 4000 mAh ဘက်ထရီကို ၅ မိနစ်အတွင်း ၅၀% ပြည့်အောင် အားသွင်းနိုင်မှာ ဖြစ်ပြီး ၁၀၀% အားအပြည့်သွင်းနိုင်ဖို့အတွက် ၁၃ မိနစ်ပဲ ကြာမယ်လို့တရားဝင်ထုတ်ပြန်ထားပါတယ်။

        Vivo အနေနဲ့ဒီနည်းပညာကို အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် Weibo ပေါ်က ပို့စ်မှာ Vivo 5G ဆိုပြီး hashtag နဲ့တင်ထားတာကြောင့် 120W Super FlashCharge ဟာ Vivo ရဲ့ ပထမဆုံး 5G ဖုန်းနဲ့အတူ ထွက်လာမယ်လို့ယူဆရပါတယ်။ Vivo ဟာ လာမယ့် ဇွန်လ ၂၆ ရက်ကနေ ၂၉ ရက်အထိ ကျင်းပမယ့် MWC Shanghai ပွဲမှာ 5G ဖုန်းသစ်ကို ကြေညာသွားမယ်လို့သတင်းထွက်နေပါတယ်။

Photo: Amanz

        Fast charging နည်းပညာဟာ စမတ်ဖုန်းကုမ္ဗဏီများအကြား ယှဉ်ပြိုင်မှူ မြင့်လာတဲ့ နည်းပညာတစ်ခု ဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းကလည်း Xiaomi ဟာ ၁၇ မိနစ်အတွင်း 4000 mAh ဘက်ထရီ ဖုန်းတစ်လုံးကို အားအပြည့်သွင်းနိုင်မယ့် 100W fast charging နည်းပညာကို သရုပ်ပြမိတ်ဆက်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က