storage ပဲ အသားပေး ကြည့်ရမှာမယ့် ဖုန်းပါ
Nyein Min Wai

Vivo Z1 ပါပဲ။ storage မြှင့်လိုက်တယ် ။သုံးထားတဲ့ chipset အသစ်လဲလိုက်ပြီး ဆယ်လ်ဖီကင်မရာပိုကောင်းအောင်ရယ်ပဲ ထုတ်လိုက်တာပါ။

photo: GSMArena

 

notch သုံးလာတဲ့ Vivo ဖုန်းတွေထဲမှာ mid-range ဈေးနဲ့လာတဲ့ Vivo Z1 ကို ပြီးခဲ့တဲ့ မေလတတိယအပတ်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Vivo Z-series အဖြစ် ပထမဆုံး ပွဲထုတ်ခဲ့တဲ့ Z1 ဟာ Vivo V9 နဲ့တစ်ပုံစံတည်း ဖြစ်ပြီး မျက်နှာပြင် ၆.၂၆ လက်မ FullHD+ display (2280 x 1080px) သုံးသွားတာပါ။ မူရင်း Vivo Z1 မှာတုန်းက Snapdragon 660 Chipset ၊ oboard storage 64GB ကို သုံးခဲ့ပေမယ့် Z1i မော်ဒယ်သစ်မှာတော့ ဒီအချက်တွေကို ပြောင်းထားလိုက်ပါတယ်။

အသိသာဆုံး အပြောင်းအလဲကတော့ Vivo Z1i ဟာ performance ပိုနိမ့်တဲ့ Snapdragon 636 chipset နဲ့လာတာပါ။ Vivo Z1i မှာ storage ကို ၂ ဆအဖြစ် 128GB ကို တိုးပေးထားသလို microSD card ကနေပါ 256GB ထပ်တိုးစိုက်နိုင်မယ်လို့ဆိုပါတယ်။ Vivo Z1 နဲ့မတူတာက ဒီဖုန်းမှာ 16MP ရှေ့ကင်မရာ သုံးသွားတာဖြစ်ပြီး ဘက်ထရီကိုလည်း 3260 mAh ကနေ 3180 mAh ကို လျှော့ထုတ်ထားတာပါ။ ကျန်တာတွေကတော့ Vivo Z1 အတိုင်း တစ်ပုံစံတည်း  ထွက်လာတာ ဖြစ်ပါတယ်။

Vivo Z1i ဟာ ကျောဘက် 13MP+2MP ကင်မရာနှစ်လုံးတွဲ ပါရှိပြီး RAM 4GB သုံးထားတာ ဖြစ်သလို fingerprint scanner ကိုလည်း ကျောဘက်မှာပဲ သုံးသွားတာပါ။ Vivo Z1 စတိုင် 19:9 screen နဲ့လာပြီး FunTouch OS 4.0 ကို အခြေခံထားတဲ့ Android 8.1 ၊ fast charging support စနစ်များ ပါဝင်ပါတယ်။

photo:Thaimobilecenter

 

အနက် နဲ့ရွှေစပ် ၊ အနက်နဲ့အနီစပ် နှစ်ရောင်နဲ့ ဝယ်ယူနိုင်မယ့် Vivo Z1i ဟာ ဈေးကတော့ Vivo Z1 ထက် ပိုများနေပါတယ်။ Vivo Z1 ကို ၁၅၉၈ ယွမ် (မြန်မာငွေ ၃သိန်း ၄ သောင်းဝန်းကျင်) ဈေးချ ရောင်းနေချိန်မှာ Vivo Z1i ကတော့ ၁၈၉၈ ယွမ် (မြန်မာငွေ ၄ သိန်းဝန်းကျင်) ဈေးမှာ ရှိနေပါတယ်။ ဒီဖုန်းတွေကိုတော့ Vivo အွန်လိုင်း စတိုးတွေကနေ ဝယ်ယူနိုင်မှာပါ။


Author


က္က