၀.၂၃ စက္ကန့်အတွင်း lock ဖွင့်ပေးမယ့် ultra-fast fingerprint
Nyein Min Wai

Realme ရဲ့ ခေတ်မီဆန်းသစ်မှုကတော့ ဆက်တိုက်ဆိုသလို အသစ်အသစ် ထွက်လာနေပါပြီ။


အောက်တိုဘာ ၁၅ ရက်နေ့မှာဆိုရင် high-end မော်ဒယ် Realme ဖုန်းသစ်ကို ကြေညာတော့မှာပါ။ Realme X2 Pro နာမည်နဲ့ထွက်လာမယ့် ဒီဖုန်းသစ်ဟာ Snapdragon 855+ processor အမြင့် သုံးသွားမယ်လို့ဆိုပါတယ်။ ပြောရရင် Realme ဟာ flagship processor ကို စသုံးတော့မှာ ဖြစ်လို့ပရီမီယံဖုန်းတန်းဝင် ဖုန်းဈေးကွက်ကို ဦးတည်လာပြီလို့ယူဆရတော့မှာပါ။

Photo: GSMArena


အရင်က entry-level နဲ့mid-range ဖုန်းတွေပဲ ထုတ်ခဲ့တဲ့ Realme ရဲ့ ရည်မှန်းချက်ဟာ high Level ရောက်လာပြီလို့ဆိုနိုင်ပါတယ်။ Realme X2 Pro မှာ ထူးခြားလာတာက စမတ်ဖုန်းဈေးကွက်မှာ ဖုန်းမော်ဒယ် ၃-၄ မျိုးလောက်ပဲ သုံးနိုင်တဲ့ 90Hz display သုံးသွားတော့မှာပါ။ Realme နဲ့အမျိုးလို့ပြောရမယ့် OnePlus ဟာ OnePlus 7 Pro နဲ့OnePlus 7T တို့မှာ 90Hz display စပြီး သုံးထားပါတယ်။

Realme X2 Pro ရဲ့ နောက်ထပ် စိတ်ဝင်စားစရာအချက်တစ်ခုက touch ထိတွေ့မှုပိုင်းမှာ ပိုမို မြန်ဆန် တိကျလာတဲ့ 135Hz touch sampling rate ပါလာတာပါပဲ။ touch သိပ်မြန်တာကြောင့် ဂိမ်းကစားမှုအတွေ့အကြုံဆန်းသစ်လာသလို သိပ်ကို သွက်လက်လာမှာပါ။ Shooter နဲ့Racing ဂိမ်းတွေ ကစားတဲ့သူတွေကတော့ အကြိုက်ဖြစ်မှာပါ။

Photo: GSMArena


ဒီနည်းပညာအပြင် နောက်ထပ် တွေ့ရမှာက ultra-fast fingerprint scanner စနစ်ဖြစ်ပါတယ်။ ဖုန်းကို ဝ.၂၃ စက္ကန့်အတွင်း unlock လုပ်နိုင်မယ့် နည်းပညာဖြစ်ပြီး မှန်ပြင်အောက် လက်ဗွေနည်းပညာသုံး ဖုန်းအဖြစ် ထွက်လာမှာပါ။ လက်ဗွေစနစ်ကတော့ တတိယမျိုးဆက် sensor ဖြစ်ပြီး ကင်မရာနဲ့တစ်ခြားအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Realme ဟာ တန်ဖိုးသင့်ဖုန်းတွေ အထုတ်များတာကြောင့် Snapdragon 855+ processor သုံး Realme X2 Pro မှာလည်း ဈေးအရမ်း မမြောက်ဖို့မျှော်လင့်ရပါတယ်။


က္က