48MP ပါဝင်တဲ့ triple lens ကင်မရာစနစ် သုံးသွားမှာပါ

ဒီဖုန်းကတော့ စမတ်ဖုန်းကင်မရာလောကမှာ Megapixel အများဆုံး ကင်မရာတွေနဲ့မိတ်ဆက်သွားဖို့ရှိနေပါတယ်။

         

Photo: Business Insider



         Vivo India ရဲ့ Twitter အကောင့်မှာ Vivo အနေနဲ့pop-up selfie လို့ခေါ်တဲ့ ဆယ်လ်ဖီဆွဲမှ ကင်မရာထွက်ပေါ်လာမယ့် စနစ်ကို သုံးသွားမယ်လို့ဖော်ပြထားပါတယ်။ ဒီ pop-up ကင်မရာဟာ ဈေးကွက်ထဲက စမတ်ဖုန်းကင်မရာအများစုရဲ့ ကျောဘက်မှာသုံးတဲ့ ပင်မကင်မရာထက်တောင် MP (megapixel) ပိုများတဲ့ 32MP စနစ်ကို သုံးသွားတာပါ။

         လက်ရှိဈေးကွက်ထဲမှာ ဖုန်းတော်တော်များများဟာ 12MP ကင်မရာကို primary ကင်မရာအဖြစ် သုံးတာ ဖြစ်လို့Vivo V15 Pro ရဲ့ ဆယ်လ်ဖီကင်မရာက ဈေးကွက်ဝင်စမတ်ဖုန်းကင်မရာတွေရဲ့ MP ထက် ၃ ဆနီးပါး များလာတာ ဖြစ်ပါတယ်။ဆယ်လ်ဖီကင်မရာစနစ်အပြင် နောက်ထပ် စိတ်ဝင်စားစရာက Vivo ရဲ့ သုံးလုံးတွဲ ကျောဘက်ကင်မရာအတွဲအစပ်ပါ။

Photo: xda-developers

         Vivo V15 Pro ဟာ triple-lens လို့ခေါ်တဲ့ ကင်မရာ ၃ လုံးတွဲစနစ်ကို သုံးထားပြီး 48MP ပင်မကင်မရာ ၊ 8MP အရန်ကင်မရာနဲ့5MP depth sensor တို့ပါဝင်မှာ ဖြစ်ပါတယ်။ ကင်မရာကောင်းမကောင်းမှာ MP နဲ့တိုင်းလို့မရဘဲဆော့ဖ်ဝဲလ်နဲ့သုံးထားတဲ့ ကင်မရာအစိတ်အပိုင်းတွေရဲ့ အရည်အသွေးကိုလည်း ထည့်သွင်း တွက်ချက်ရတာပါ။ Vivo ကတော့ V15 Pro မှာ ကင်မရာ သုံးလုံးတွဲစနစ်ရဲ့ အကောင်းဆုံး ရုပ်ထွက်နဲ့အရည်အသွေးကို ဖော်ပြသွားဖို့ရှိပါတယ်။

         တစ်ခြားအချက်အလက်တွေကတော့ ဒီဖုန်းဟာ in-display လက်ဗွေနည်းပညာပါ ၆.၃၉ လက်မအရွယ် Super AMOLED display နဲ့လာပြီး Snapdragon 675 processor ၊ 3000 mAh ဘက်ထရီနဲ့အတူ RAM ပမာဏကို 8GB အထိ သုံးသွားမယ်လို့သတင်းထွက်နေပါတယ်။ ဈေးနှုန်းအနေနဲ့အိန္ဒိယပေါက်ဈေး ရူပီး ၃၀၀၀၀ (မြန်မာငွေ ၆ သိန်းခွဲခန့်) ရှိမယ်လို့လည်း သတင်းကြားထားရပါတယ်။ Vivo ကတော့ ဒီဖုန်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က