ဂိမ်းဖုန်းအဖြစ်ပဲ မြင်ရမလား
Nyein Min Wai

ဈေးကွက်ထဲ အသစ်မိတ်ဆက်လိုက်တဲ့ Vivo brand သစ်ကတော့ တကယ့်အကြမ်းကြီးတွေနဲ့ပွဲထုတ်လာဖို့ရှိပါတယ်။

         Vivo ဟာ မကြာသေးခင်ကပဲ IQOO နာမည်နဲ့sub-brand တစ်ခုကို ကြေညာထားတာပါ။ ဒီ brand သစ်ကနေ ဘယ်လိုဖုန်းတွေ မိတ်ဆက်သွားမလဲဆိုတာ မသိရသေးသလို ဖုန်းရဲ့ နာမည်ကိုတောင် ဘယ်လို ပေးသွားမလဲဆိုတာ ဘယ်သူမှ မသိရသေးပါဘူး။

Photo: GSMArena

         တစ်ခုရှိတာက ဒီဖုန်းဟာ တကယ့်ကို ထူးထူးခြားခြားတွေ လုပ်ပြသွားမယ့် ဖုန်းဆိုတာကတော့ သေချာပါတယ်။ Snapdragon 855 SoC လို Qualcomm ရဲ့ အမြင့်ဆုံး chipset ကို သုံးတာလောက်နဲ့ဒီဖုန်းကို ထူးခြားတယ်လို့ပြောတာ မဟုတ်ပါဘူး။ လက်ရှိကြားနေရတဲ့ သတင်းတွေအရ Vivo IQOO ကနေ ထွက်လာမယ့် ဖုန်းဟာ RAM 12GB သုံးသွားမယ်လို့ဆိုပါတယ်။

         စမတ်ဖုန်းလောကမှာ အခုချိန်ထိ RAM ပမာဏကို 12GB အထိ သုံးတဲ့ ဖုန်းက Lenovo Z5 Pro GT နဲ့Vivo Apex 2019 နှစ်မျိုးပဲ ရှိထားတာပါ။ Vivo IQOO ရဲ့ ဖုန်းသစ်ကတော့ တတိယမြောက် RAM 12GB သုံးတဲ့ ဖုန်းဖြစ်ဖို့ရှိပါတယ်။ နောက်ထပ် ထူးခြားတာက charging စနစ်ပါ။

         Huawei ရဲ့ အကောင်းဆုံး စမတ်ဖုန်းလို့ပြောရမယ့် Huawei Mate 20 pro မှာတောင် 40W output ထွက်တဲ့ SuperCharge အားအမြန်သွင်းတဲ့ စနစ်နဲ့လာပြီး ဒါကပဲ စမတ်ဖုန်းလောကမှာ charging output အများဆုံး ထွက်တဲ့ ဖုန်းဖြစ်နေပါတယ်။ SuperCharge ဟာ ဖုန်းလုံးဝအားမရှိတဲ့ အချိန် အားသွင်းမယ်ဆိုရင် ဘက်ထရီ level ၇၀% ထိရောက်ဖို့နာရီဝက်ပဲ အချိန်ယူပါတယ်။

Photo: GSMArena

         44W charging output ထွက်တဲ့ Vivo IQOO မှာဆိုရင် မမြင်ဖူးလောက်အောင် အားအဝင်မြန်တဲ့ နည်းပညာတွေ့ရတော့မှာပါ။ ဒီအတွက် 4000 mAh ဘက်ထရီပါဝါနဲ့USB Type C ကနေ charging သွင်းတာ ပါဝင်လာမှာ ဖြစ်ပါတယ်။ onboard storage အနေနဲ့လည်း 256GB ဗားရှင်းလိုမျိုး storage အမြင့်စားတွေနဲ့ထွက်လာမှာပါ။

         Vivo IQOO ဖုန်းသစ်ဟာ မှန်ပြင်အောက်လက်ဗွေစနစ်ပါတဲ့ AMOLED display နဲ့4D အထိအတွေ့အာရုံခံစနစ်တွေ သုံးသွားဖို့ရှိပြီး ကင်မရာ ၊ ဈေးနှုန်းနဲ့မိတ်ဆက်မယ့်ရက်တော့ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


က္က