မြန်မာပြည်မှာ ပထမဆုံး မိတ်ဆက်သွားမှာပါ

Realme 6i ကို မတ်လ ၁၇ ရက်နေ့ ပြည်တွင်းဈေးကွက်မှာ စတင်မိတ်ဆက်သွားမှာပါ။

Realme Myanmar ရဲ့ Facebook စာမျက်နှာမှာ ဒီဖုန်းအကြောင်း အရေးပါတဲ့ အချက်အလက်တစ်ချို့ မိတ်ဆက်ဖော်ပြထားပါတယ်။ Realme 6i ဟာ waterdrop notch display နဲ့ လာပြီး 5000mAh ဘက်ထရီ သုံးသွားမယ်လို့ ဆိုပါတယ်။ ဒီဘက်ထရီဟာ 18W fast charging ပံ့ပိုးထားပြီး USB Type C ပေါက်ကနေ အားသွင်းနိုင်မှာပါ။



Photo: GSMArena


power bank တစ်လုံးလောက် နီးပါး ကြီးမားတဲ့ ဘက်ထရီပါဝါအပြင် နောက်ထပ်မြင်ရမှာက နောက်ဆုံးပေါ် hMediaTek Helio G80 processor ပါပဲ။ screen sizeနဲ့ ရုပ်ထွက် resolution အကြောင်း မသိရသေးပေမယ့် ရှေ့ notch ထဲမှာ 16MP ရှေ့ကင်မရာ ပါရှိမယ်လို့ ဆိုပါတယ်။

ကျောဘက်မှာ 48MP AI Quad Cameras များ သုံးသွားမှာ ဖြစ်ပြီး တစ်ခြား ကင်မရာ ၃ လုံးအကြောင်း မသိရသေးပါဘူး။ သတင်းတွေအရ Realme 6i ဟာ RAM 4GB အနည်းဆုံးကနေ ပါရှိပြီး Android 10 စနစ်နဲ့ လာမယ်လို့ ဆိုပါတယ်။ FCC မှာ တင်ထားတဲ့ အချက်အလက်တွေအရ ဒီဖုန်းမှာ 3.5mm နားကြပ်ပေါက်နဲ့ ကျောဘက်မှာ လက်ဗွေဖတ်စနစ် တပ်ဆင်သွားမယ်လို့ ပါရှိပါတယ်။

Realme 6i ရဲ့ ဈေးနှုန်းကိုလည်း မနက်ဖြန် (မတ်လ ၁၇ ရက်နေ့) မှာ ကြေညာသွားမှာပါ။ ဒီဖုန်းရဲ့ အရင် ထွက်ထားတဲ့ Realme 5i ကိုတော့ မြန်မာငွေ ၂၉၉၀၀၀ ကျပ်ဈေးနဲ့ စတင်ရောင်းချခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က