ဈေးနှုန်းနဲ့ထွက်မယ့်ရက် မသိရသေးပါဘူး။
Nyein Min Wai

ZTE ရဲ့ sub-brand တစ်ခုဖြစ်တဲ့ Nubia ရဲ့ flagship မော်ဒယ်ဟာ တရုတ်ဈေးကွက်ထဲမှာ 5G ဖုန်းအဖြစ် Edition သစ်နဲ့မိတ်ဆက်သွားတော့မှာပါ။

           Nubia X ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ဈေးကွက်မှာ မိတ်ဆက်ခဲ့တဲ့ dual display သုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းကို စပြီး မိတ်ဆက်စဉ်က ၂၀၁၈ ရဲ့ high-end processor ဖြစ်တဲ့ Snapdragon 845 processor နဲ့လာပေမယ့် မကြာခင် တရုတ်မှာ မိတ်ဆက်မယ့် 5G မော်ဒယ်ကတော့ Snapdragon 855 processor နဲ့ထွက်လာမှာပါ။ processor ကိုလည်း အသစ် သုံးလာသလို modem ကိုလည်း Snapdragon X50 လို 5G modem ကို ပြောင်းလဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Photo: GSMArena

           Nubia X 5G ဟာ ဒီဇိုင်းပိုင်းမှာ 4G ဗားရှင်းအတိုင်း လာမှာ ဖြစ်ပြီး ကျောဘက် ညာအပေါ်ထောင့်မှာ 5G Logo ထားရှိလာတာပဲ ကွာသွားမှာပါ။ ဖုန်းရဲ့ တစ်ခြားအစိတ်အပိုင်းတွေဖြစ်တဲ့ ဘက်ထရီပါဝါ နဲ့dual fingerprint scanners စတဲ့ specs တွေမှာလည်း Nubia X 4G နဲ့တစ်ပုံစံတည်း ဖြစ်ဖို့ရှိပါတယ်။ ရိုးရိုး Nubia X ဟာ RAM 8GB/256GB storage အထိ ပါလာခဲ့ပါတယ်။

           Nubia X ရဲ့ ထူးခြားချက်ဟာ ရှေ့ဘက်မှာ တင် display ပါတာမျိုး မဟုတ်ဘဲ ကျောဘက်မှာပါ OLED display သုံးသွားတာပါ။ ရှေ့ခြမ်း display ဟာ မျက်နှာပြင် ၆.၂၆ လက်မ LCD display ဖြစ်ပြီး FHD+ (1080x2280p) ရုပ်ထွက်က ပါရှိပါတယ်။ ကျောဘက် OLED display ဟာ မျက်နှာပြင် ၅.၁ လက်မ အရွယ်အစားရှိပြီး ဆယ်လ်ဖီဆွဲမယ်ဆိုရင်လည်း ကျောဘက်ကင်မရာနဲ့ကျောဘက် display ကို ကြည့်ပြီး ဆွဲရမှာပါ။

           ကျောဘက်ကင်မရာမှာ ရိုက်ခဲ့တဲ့ ရိုက်ချက်အားလုံးကို ရှေ့ display မှာ ပြန်ကြည့်နိုင်မှာ ဖြစ်ပြီး ကင်မရာကတော့ dual-LED flash ပါတဲ့ 24MP နဲ့16MP ကင်မရာနှစ်လုံး ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာ Nubia X ဟာ 3800 mAh ဘက်ထရီဖြစ်ပြီး Quick Charge 4.0 အားသွင်းနည်းပညာနဲ့USB Type C port ကနေ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ 3.5mm audio jack မပါတော့တဲ့ ဒီဖုန်းဟာ Nubia ရဲ့ UI 6.0.2 ပါတဲ့ Android 8.1 Oreo စနစ်သုံးထားပါတယ်။

Photo: Gizmochina

           ဒီဖုန်းမှာ စိတ်ဝင်စားစရာကောင်းတစ်ခုက ဖုန်းကိုယ်ထည်ဘေးနှစ်ဘက်မှာ fingerprint scanner တစ်ခုစီ ထည့်သွင်းထားတာ ဖြစ်လို့ဖုန်းကို lock ဖွင့်ဖို့အတွက် ဒီလက်ဗွေနှစ်ခုထဲက တစ်ခုနဲ့unlock လုပ်နိုင်မှာပါ။ ဒါတင်မဟုတ်ဘဲ fingerprint ခလုတ်တွေဟာ home နဲ့back ခလုတ်တွေလိုလည်း အလုပ်လုပ်နိုင်မှာ ဖြစ်လို့အတော်လေး လန်းတယ်လို့ပြောနိုင်ပါတယ်။

           Nubia X ရိုးရိုးမော်ဒယ်ဟာ အမြင့်ဆုံးဈေး ၄၁၉၉ ယွမ် ( မြန်မာငွေ ၉ သိန်း ၇ သောင်းခန့်) ဈေးကနေ ရောင်းချခဲ့ပြီး 5G ဗားရှင်းရဲ့ ဈေးနဲ့ထွက်မယ့် ရက်တော့ မသိရသေးပါဘူး။ ZTE ဟာ Axon 10 Pro 5G ဖုန်းကိုလည်း မိတ်ဆက်ထားပြီး ဒီဖုန်းကတော့ ၈၉၉ ယူရို ( မြန်မာငွေ ၁၅ သိန်းခွဲခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က