ဘက်ထရီပါဝါလည်း လျှော့ချသွားမှာပါ

Apple ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းတွေရဲ့ တစ်ချို့အပိုင်းတွေမှာ ဈေးသက်သာတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ သုံးသွားဖို့ ရှိပါတယ်။

TF Securities မှ ဈေးကွက်သုတေသီတစ်ဦးဖြစ်တဲ့ မင်ချိကုအိုမှ Apple ဟာ မျိုးဆက်သစ်ထုတ်ကုန်တွေ ဖြစ်တဲ့ iPhone 12 ၊ iPhone 12S နဲ့ AirPods 3 ထုတ်ကုန်တွေမှာ ကုန်ကျစရိတ်လျှော့ချနိုင်ဖို့ ဈေးပိုသက်သာပြီး ရှုပ်ထွေးမှုနည်းတဲ့ ဘက်ထရီနည်းပညာကို သုံးသွားမယ်လို့ ဆိုပါတယ်။



Photo: Apple Insider

ဒီနှစ်ထဲမှာ မြင်ရမယ့် iPhone 12 စီးရီးက စပြီး Apple အနေနဲ့ အရင် iPhone 11 ထက် ပျမ်းမျှ ဈေး ၄၀% ကနေ ၅၀% သက်သာနိုင်စေဖို့ rigid-flex ဘက်ထရီဘုတ်အလွှာအရေအတွက်‌နဲ့ ဆဲလ်အစိတ်အပိုင်းတွေ လျှော့ချသွားမယ်လို့ မင်ချိကုအိုက သုံးသပ်ပါတယ်။ 

  ၂၀၂၁ မှာဆို Apple iPhone 12S မှာ iPhone 12 ဘက်ထရီကုန်ကျစရိတ်ကို ၃၀% ကနေ ၄၀% လျှော့ချဖို့ rigid-flex boards ကို ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။ Apple ဟာ နောက်နှစ်မှာ ဖြန့်ချိသွားမယ့် တတိယမျိုးဆက် AirPods တွေအတွက် ဘက်ထရီကုန်ကျစရိတ်လည်း လျှော့ချသွားဖို့ AirPods Pro မှာ သုံးထားတဲ့ system-in-package ဒီဇိုင်းမျိုး သုံးသွားဖို့ ရှိနေပါတယ်။

ဒီအပြောင်းအလဲဟာ 5G ထုတ်ကုန်ကိုပဲ ကုန်ကျစရိတ်ချိန်ညှိပေးနိုင်မှာ မဟုတ်ပါဘူး။ iPhone မှာ ပါလာမယ့် millimeter wave နည်းပညာဟာ ၁၂၅ ဒေါ်လာနဲ့ ၁၃၅ ဒေါ်လာအကြား ကုန်ကျဖို့ ရှိပြီး Sub-6GHz အတွက် ၇၅ ဒေါ်လာနဲ့ ၈၅ ဒေါ်လာအကြား ကျသင့်မယ့်အရေးပါ ကုန်ကျစရိတ်ထိန်းညှိပေးနိုင်မှာ ဖြစ်တယ်လို့ မင်ချိကုအိုက ဆိုပါတယ်။

Photo: highsnobiety


Apple ဟာ 5G ကွန်ရက်နဲ့ OLED panel သုံးသွားမယ့် iPhone 12 မော်ဒယ်ကစပြီး ဖုန်းဗူးအတွင်းမှာ နားကြပ်နဲ့ power adapter တွေလည်း ထည့်ပေးတော့မှာ မဟုတ်ဘူးလို့ မင်ချိကုအိုက သုံးသပ်ထားပါတယ်။ iPhone 12 မော်ဒယ်သစ်တွေဟာ ဒီနှစ်ထဲ ပုံမှန်ထက် ရက်သတ္တပတ်အနည်းငယ် အဝင်နောက်ကျဖို့ ရှိပြီး အောက်တိုဘာလထဲ ဖြန့်ချိသွားဖို့ ရှိပါတယ်။

Apple Insider သတင်းအရ ဒီနှစ်ထဲ ထွက်လာမယ့် iPhone ဘက်ထရီတွေဟာ လက်ရှိထွက်ထားတဲ့ iPhone 11 (3110mAh) ၊ iPhone 11 Pro (3190mAh) တို့ထက် ဘက်ထရီပါဝါလျှော့ထားဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဖုန်းအရွယ်အစားပေါ်လိုက်ပြီး iPhone 12 တွေရဲ့ ဘက်ထရီပါဝါဟာ 2227mAh ၊ 2775mAh နဲ့ 2815mAh ပါဝါ ရှိမယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က