ဈေးနှုန်း မသိရသေးပါဘူး
Nyein Min Wai

Huawei ရဲ့ ပထမဆုံး display ခေါက်သိမ်းထားနိုင်တဲ့ Mate X ဖုန်းကို ပြည်တွင်းဈေးကွက်မှာ ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။

Photo: Duwun Tech

         ဧပြီလ ၂၉ ရက်နေ့က Myanmar Plaza မှာရှိတဲ့ Huawei ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ Huawei Myanmar ICT Congress 2019 ပွဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး foldable ဖုန်း Mate X ကို မိတ်ဆက်ပြသခဲ့ပါတယ်။ Huawei Mate X ဟာ Huawei ရဲ့ Balong 5000 ဆိုတဲ့ 5G modem သစ်ကို သုံးလာတဲ့ ဖုန်းဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံး 5G ဖုန်းလို့ကုမ္ပဏီက ကြေညာထားပါတယ်။ Balong 5000 modem ဟာ ဖေဖော်ဝါရီလဆန်းပိုင်းက ကြေညာထားတဲ့ 5G modem ဖြစ်ပြီး ဒေါင်းလုပ် speed အနေနဲ့6.5Gbps အထိ ဆွဲနိုင်တဲ့ ကမ္ဘာ့အမြင့်ဆုံး benchmark ရထားတဲ့ ချပ်စ်တစ်ခုလည်း ဖြစ်ပါတယ်။

         မျက်နှာပြင် ၈ လက်မရှိတဲ့ ဒီဖုန်းဟာ 2480 x 2200 pixel ရုပ်ထွက်နဲ့လာပြီး ခေါက်သိမ်းထားချိန်မှာ ၆.၆လက်မအရွယ် ရှေ့screen နဲ့၆.၃၈ လက်မ ကျောဘက် screen ဆိုပြီး နှစ်ခု ထွက်လာအောင် ဒီဇိုင်းထုတ်ထားတာပါ။ ဖွင့်ထားချိန်မှာတော့ ၈ လက်မ OLED display ပါပြီး foldable ဖုန်းတွေရဲ့ စတိုင် tablet mode နဲ့သုံးနိုင်မှာ ဖြစ်ပါတယ်။ notch မပါဘဲ ဖုန်းခေါက်ထားချိန်မှာ ကိုယ်ထည်ကို တစ်သားတည်းရှိစေဖို့ညာဘေးဘောင်မှာ အိမ်တစ်ခုထုတ်ထားပြီး မှန်ကိုယ်ထည်ကို ခေါက်ဖို့အတွက် ပတ္တာတစ်ခု သုံးထားတာပါ။

Photo: Duwun Tech

         ကင်မရာအနေနဲ့Leica ရဲ့ ကျောဘက် သုံးလုံးတွဲ ကင်မရာစနစ်နဲ့ဆယ်လ်ဖီအတွက် တစ်ခုစုစုပေါင်း ကင်မရာ ၄ လုံး ၊ ပါဝါခလုတ်မှာ ထည့်သွင်းထားတဲ့ fingerprint sensor များအပြင် ဘက်ထရီပါဝါကို 4500 mAh အထိ သုံးထားတာပြီး 55W Supercharge ကြောင့် မိနစ် ၃၀ အတွင်း အား ၈၅% အထိ သွင်းပေးနိုင်မယ်လို့ဆိုပါတယ်။ Kirin 980 processor ကို သုံးထားတဲ့ ဒီဖုန်းဟာ dual SIM နဲ့အတူ Huawei nano memory card သုံးနိုင်မှာပါ။

         Interstellar Blue ကာလာနဲ့လာတဲ့ ဒီဖုန်းကို နှစ်ကုန်ပိုင်းလောက် ပြည်တွင်းဈေးကွက်မှာ ဖြန့်ချိဖို့မျှော်မှန်းထားပြီး ဈေးနှုန်း မသိရသေးပါဘူး။ ကမ္ဘာ့ဈေးကွက်မှာတော့ ဒီဖုန်းကို ဒေါ်လာ့ ဒေါ်လာ ၂၆၀၀ ( မြန်မာငွေ သိန်း ၄၀ ခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က