နှစ်ကုန်ခါနီးမှ ဈေးကွက်ထဲ မိတ်ဆက်ဖို့ရှိပါတယ်။

Gaming Smartphone လောကကို ဦးဆောင်ခဲ့တဲ့ Razer ဟာ တတိယမျိုးဆက် Razer Phone 3 မှာ အပြောင်းအလဲသစ်တစ်ခု ထည့်သွင်းလာဖို့ရှိနေပါတယ်။

         Engadget နဲ့တွေ့ဆုံခဲ့တဲ့ Razer CEO မင်လိုင်တင်ရဲ့ ပြောကြားမှုအရ Razer Phone 3 ဈေးကွက်ထဲ မိတ်မဆက်နိုင်ရသေးတဲ့ အကြောင်းတစ်ခုက 5G ကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ တွေ့ဆုံခန်းမှာတော့ မစ္စတာတန်ဟာ မျိုးဆက်သစ်ဆက်သွယ်ရေးကွန်ရက်နည်းပညာဖြစ်တဲ့ 5G ကူးပြောင်းခါစမှာ 5G ရတဲ့ စမတ်ဖုန်းတစ်လုံးကို ဝယ်ဖို့ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ပြောထားပါတယ်။

Photo: gamesradar



         "တကယ်လို့ဒီနှစ်ထဲမှာ ကျွန်တော်သာ ဂိမ်မာတစ်ယောက်ဖြစ်ပြီး ဂိမ်းဖုန်းဝယ်မယ်ဆိုရင် 5G ရတဲ့ ဖုန်းဝယ်ချင်ပါတယ်။ တစ်ဘက်မှာလည်း 5G ဖုန်းဝယ်ရင် သုံးလို့ရမယ့် ကွန်ရက်က မရှိဖြစ်နေပါတယ်" လို့ဆိုပါတယ်။ Razer Phone 3 အနေနဲ့5G Gaming phone အဖြစ် ထုတ်မယ် မထုတ်ဘူးဆိုတဲ့ အချက်ကို မသေချာပေမယ့် ၂၀၁၉ ကစလို့5G ဖုန်းတွေ ထွက်လာချိန်မှာ Razer အနေနဲ့လည်း 5G ဂိမ်းဖုန်းအဖြစ် ထုတ်ဖို့ချိန်ဆနေတယ်လို့ယူဆရမှာပါ။

         ဒီအင်တာဗျူးမှာပဲ လက်ရှိအချိန်ဟာ 5G ဖုန်းဝယ်ဖို့အတွက် အချိန်အခါကောင်းမဟုတ်သလို 5G မရတဲ့ ဖုန်းဝယ်တာကလည်း စဉ်းစားသင့်တဲ့ အချက်လို့ပြောထားပါတယ်။ တစ်နည်းအားဖြင့် Razer အနေနဲ့နောက်ထပ် ဂိမ်းဖုန်းကို 5G ကွန်ရက်တွေ ကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆက်လာတဲ့အထိ စောင့်ဆိုင်းနေတယ်လို့ဆိုရမှာပါ။ Razer ကုမ္ပဏီဟာ မကြာသေးမီက မိုဘိုင်းကဏ္ဍမှ ဝန်ထမ်းအများအပြားကို အလုပ်မှ ရပ်ဆိုင်းခဲ့တယ်လို့သတင်းထွက်ထားပါတယ်။

         Razer ဟာ ၂၀၁၇ ခုနှစ်ထဲမှာ Nextbit ဖုန်းကုမ္ပဏီကို ဝယ်ပြီးနောက် ကမ္ဘာ့ပထမဆုံး Gaming Smartphone ဖြစ်တဲ့ Razer Phone ကို မိတ်ဆက်ခဲ့ပါတယ်။ Razer Phone ဟာ display ပိုင်းမှာ 120Hz refresh rate အထိ ပါရှိပြီး အသံစနစ်အားကောင်းသလောက် ၂၀၁၇ ရဲ့ အမြင့်ဆုံး chipset ဖြစ်တဲ့ Snapdargon 835 SoC ကို သုံးခဲ့ပါတယ်။


၂၀၁၈ နှစ်ကုန်ခါနီးမှာ Razer Phone 2 ကို ကြေညာခဲ့တာကြောင့် Razer Phone 3 ကိုလည်း ဒီနှစ်ကုန်ပိုင်းမှာ မြင်ရဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က