OnePlus 7 Pro ရိုးရိုးထက် အနည်းဆုံး ဒေါ်လာ ၂၀၀ အထိ ပိုများဖို့ရှိပါတယ်။

OnePlus ရဲ့ ပထမဆုံး 5G စမတ်ဖုန်းကတော့ ယူကေဈေးကွက်ထဲ မကြာခင် ရောင်းချသွားတော့မှာပါ။

         OnePlus ဟာ ယူကေတယ်လီကွန်းအော်ပရေတာ EE နဲ့ပူးပေါင်းပြီး OnePlus 7 Pro 5G ဗားရှင်းကို ရောင်းချသွားမယ်လို့လန်ဒန်မှာ ကျင်းပတဲ့ OnePlus 7 ဖုန်းသစ်များ မိတ်ဆက်ပွဲမှာ တရားဝင်ပြောကြားခဲ့ပါတယ်။ ဒီ 5G ဗားရှင်း OnePlus 7 Pro ဟာ ပုံမှန်မော်ဒယ်နဲ့အတော်လေး ဆင်ပြီး RAM / storage ပမာဏလည်း အတူတူပဲ ဖြစ်မယ်လို့ဆိုပါတယ်။

Photo: Matridox



         OnePlus 7 Pro 5G ဟာ Qualcomm X50 5G modem နဲ့လာတဲ့ မော်ဒယ်ဖြစ်ပြီး အင်တာနက်လိုင်းဆွဲအား အလွန်မြန်ဆန်မှာပါ။ စမတ်ဖုန်းဈေးကွက်ထဲမှာ 5G ရတဲ့ ဖုန်းတွေ ဝင်ရောက်နေပြီး ဒီဖုန်းတွေကတော့ Xiaomi Mi Mix 3 5G ၊ OPPO Reno 10x 5G ၊ ZTE Axon 10 Pro 5G ၊ Galaxy S10 5G နဲ့Huawei Mate X တို့ပဲ ဖြစ်ပါတယ်။

         ယူကေဈေးကွက်မှာ OnePlus 7 Pro 5G ဖုန်း မိတ်ဆက်မယ့်ရက်နဲ့ဈေးနှုန်းကို မကြောရသေးပါဘူး။ Tech Rader နဲ့OnePlus CEO တို့မေးမြန်းခန်းမှာ ဒီဖုန်းဟာ သူ့အရင်ဖုန်းတွေထက် ဒေါ်လာ ၂၀၀ ကနေ ၃၀၀ အကြား ပိုပြီး ဈေးကြီးမယ်လို့ဆိုုပါတယ်။ OnePlus 7 Pro ဟာ ဒေါ်လာ ၆၇၀ ကနေ ဒေါ်လာ ၇၅၀ ဈေးနဲ့ရောင်းချမယ်လို့ကြေညာထားပါတယ်။

         OnePlus 7 Pro ဟာ pop-up 16MP ကင်မရာကို သုံးထားပြီး ဘောင်တွေ မပါသလောက် ဖြစ်အောင် ဖျောက်ထားပါတယ်။ ဒီဖုန်းရဲ့ ထူးခြားချက်တစ်ခုက စမတ်ဖုန်းဈေးကွက်ထဲမှာ အကောင်းဆုံး dsplay ဖြစ်တဲ့ Fluid AMOLED display နဲ့လာပြီး OnePlus ဖုန်းတွေထဲမှာ ပထမဆုံး 1440p ရုပ်ထွက်ပါတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။

Photo: GSMArena

         90Hz refresh rate ပါတဲ့ ဒီ screen ရဲ့ အောက်မှာတော့ တတိယမျိုးဆက် in-display လက်ဗွေနည်းပညာ ထည့်သွင်းထားပြီး screen size အနေနဲ့၆.၆၇ လက်မ သုံးထားတာပါ။ ကျောဘက်မှာ OIS နဲ့EIS ရုပ်ငြိမ်စနစ်တွေ ပါဝင်တဲ့ 48MP ကင်မရာနဲ့အတူ 3x zoom 8MP ကင်မရာနဲ့၁၁၇ ဒီဂရီ မြင်ကွင်းကျယ် 16MP ကင်မရာ သုံးလုံးတွဲ ပါရှိပါတယ်။

         OnePlus 7 Pro ဟာ Qualcomm ရဲ့အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 855 SoC နဲ့အတူ RAM 6GB ကနေ 12GB အထိ ဗားရှင်း ၃ မျိုးနဲ့ထွက်ထားပါတယ်။ ဒီဖုုန်းဟာ UFS 3.0 ဒေတာသယ်ပို့မှုနည်းပညာသစ်ကို ပထမဆုံးသုံးလာတဲ့ ဖုန်းဖြစ်ပြီး Warp Charge 3.0 အားသွင်းစနစ်သစ် ပါတဲ့ 4000mAh ဘက်ထရီ နဲ့ လာပါတယ်။ 5G ဗားရှင်း OnePlus 7 Pro အကြောင်း အချက်အလက်တွေကိုတော့ မကြာခင်မှာ ထပ်ပြီး ကြားရဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က