mid-ranger ထဲက ကင်မရာအလန်းစားနဲ့လာမယ့် ဖုန်းပါ
Nyein Min Wai

Motorola One ဖုန်းတွေဟာ ကင်မရာစွမ်းရည်မြင့် အလတ်တန်းစားဖုန်းတွေအဖြစ် မြင်ရတော့မှာပါ။

Android One ဖုန်းတစ်လုံးအဖြစ် ထွက်လာမယ့် Motorola One Zoom ဖုန်းဟာ နာမည်အတိုင်းပဲ အနီးအဝေး ဆွဲရိုက်တဲ့ ရိုက်ချက်တွေမှာ အမိုက်စားလုပ်ဆောင်ချက်တွေ ပါလာမှာပါ။ သတင်းတွေအရ ကျောဘက်မှာ 48MP Quad Bayer sensor ပါဝင်တဲ့ ကင်မရာ ၄ လုံး စနစ် သုံးသွားဖို့ရှိပါတယ်။

Photo: Engadget

မျက်နှာပြင် ၆.၂ လက်မအရွယ် Motorola One Zoom ဖုန်းဟာ Super AMOLED display နဲ့လာပြီး in-display လက်ဗွေစနစ် ပါရှိမယ်လို့ဆိုပါတယ်။ Motorola One Zoom အရင်ထွက်ထားတဲ့ Action နဲ့Vision မော်ဒယ် ဖုန်းတွေမှာ အခုပြောမယ့် မှန်ပြင်အောက် လက်ဗွေနည်းပညာမသုံးတာကြောင့် အခုဖုန်းမှာ ဈေးပိုကြီးဖို့ရှိပါတယ်။

Motorola One Zoom ဟာ 3x optical နဲ့5x hybrid zoom သုံးနိုင်တဲ့ 48MP Quad Bayer sensor နဲ့လာပြီး ultra-wide angle ကင်မရာနဲ့depth sensor တစ်ခုလည်း ပါမှာပါ။ ကင်မရာ app အနေနဲ့Night mode အထူးပြု feature တစ်ခုလည်း မြင်ရဖို့ရှိပါတယ်။

Quandt ကနေ ရတဲ့ အချက်အလက်တွေအရ Motorola One Zoom မှာ ပါတဲ့ ကင်မရာဟာ pixel sensor ၄ လုံးကို တစ်ခုတည်း ပေါင်းပေးနိုင်တဲ့ pixel-binning နည်းပညာ ပါတာကြောင့် အလင်းဖမ်းယူမှုပိုကောင်းလာမယ်လို့ဆိုပါတယ်။ တစ်နည်းအားဖြင့် Motorola One Zoom ဟာ အလင်းရရှိမှုအပေါ် မူတည်ပြီး high-resolution sensor နဲ့low-resolution sensor နှစ်ခုစလုံးရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်ကို ရယူသွားမှာပါ။

Photo: TudoCelular.com

mid-range ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း Motorola One Zoom ဟာ Snapdragon 675 processor နဲ့အတူ RAM 4GB/128GB storage သုံးသွားဖို့ရှိပြီး microSD card ကနေ ဆက်ပြီး storage မြှင့်နိုုင်မှာ ဖြစ်ပါတယ်။ ဒီဖုန်းကို လာမယ့် IFA 2019 မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ဈေးနှုန်းကိုလည်း အဲ့ဒီပွဲမှာပဲ သိရမှာပါ။


က္က