8K Video ‌တွေ ရိုက်နိုင်မှာပါ

ဒီဇိုင်းပိုင်း သတင်းတွေ ကြားသိပြီးနောက် အခုဆို Redmi K30 Pro ရဲ့ ကင်မရာအကြောင်းပါ သတင်းတစ်ချို့ ထပ်သိရပြီ ဖြစ်ပါတယ်။

Redmi K30 Pro ဟာ ကင်မရာနဲ့ ပတ်သက်ရင် လေးစားစရာ feature တွေ ပါလာမယ်လို့ ကုမ္ပဏီရဲ့ Weibo အကောင့်က သတင်းစကားပါးပါတယ်။ ဒီဖုန်းဟာ 64MP Sony IMX686 sensor ကင်မရာနှစ်လုံးတစ်ခါတည်း ပါလာမယ်လို့ ဆိုပါတယ်။




Photo: Android Authority

ကျောဘက် Circular Camera Module ထဲမှာရှိတဲ့ 64MP ကင်မရာထဲက တစ်လုံးဟာ main camera ဖြစ်ပြီး နောက်တစ်ခုက Telephoto shot ရိုက်ချက်တွေ ရိုက်ကူးနိုင်မှာပါ။ Tele ကင်မရာအစွမ်းအနေနဲ့ 3x optical zoom နဲ့ 30x digital zoom အထိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

64MP sensor ဟာ 1/1.7 inch sensor အကြီးစားနဲ့လာပြီး 7P Lens စနစ် သုံးထားပါတယ်။ ဒီ 64MP ကင်မရာနှစ်လုံးဟာ Optical Image Stabilization (OIS) စနစ် ပါလာပြီး ရုပ်သံရိုက်ကူးမှုမှာလည်း 8K UHD(7680 x 4320) ရုပ်ထွက်အထိ ဖမ်းယူနိုင်မှာပါ။

Redmi K30 Pro ဟာ ခရမ်းရောင် ၊ အပြာနဲ့ အဖြူရောင် ကာလာတွေအပြင် မီးခိုးရောင်နဲ့ ထွက်လာဖို့ ရှိပါတယ်။ မီးခိုးရောင်ကာလာနဲ့ ဖုန်းမှာတော့ အနီရောင် ပါဝါခလုတ် တပ်ဆင်ထားပြီး AMOlED display နဲ့ လာမှာပါ။

Snapdragon 865 SoC သုံးသွားမယ့် ဒီဖုန်းဟာ 5G ကွန်ရက်ထောက်ပံ့ထားပြီး မတ်လ ၂၄ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က