၂၀၁၉ နှစ်ကုန်ပိုင်းမှာ မြင်ရဖို့ရှိပါတယ်။

     Samsung ဟာ စမတ်ဖုန်းလောကကို အပြောင်းအလဲဖြစ်စေမယ့် sensor တစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


         Samsung ကနေ မိတ်ဆက်လိုက်တဲ့ ISOCELL Bright GW1 ဟာ လက်ရှိ Samsung ကနေ ထုတ်ထားတဲ့ 48MP image sensor လိုပဲ 0.8 μm အရွယ် pixel တွေ သုံးနိုင်တဲ့ 64MP sensor ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အလင်းဖမ်းတဲ့နေရာမှာ ပိုပြီး အလင်းဝင်မှု မြင့်တဲ့ အကြီးစား sensor တစ်ခု ဖြစ်ပါတယ်။



Photo: Android Authority

         ISOCELL Bright GW1 ဟာ အလင်းအားနည်းချိန်မှာ pixel ၄ ခုကို တစ်ခု ဖြစ်စေအောင် ပေါင်းစည်းပြီး 16MP ပုံတွေထုတ်ပေးပါတယ်။ 48MP sensor ကတော့ 12MP ပုံတွေကို default အနေနဲ့ထုတ်ပေးနိုင်ပါတယ်။ ဒီ sensor ဟာ လူတစ်ယောက်ရဲ့ မျက်လုံးကနေ ကြည့်ရတဲ့ မြင်ကွင်းကို မြင်ရသလိုမျိုး ဖမ်းယူနိုင်မှာပါ။

         Samsung ဟာ ISOCELL Bright GW1 နဲ့48MP ISOCELL Bright GM2 ဆိုပြီး sensor သစ် နှစ်မျိုးကို ကြေညာခဲ့တာပါ။ Samsung ရဲ့ sensor business အမှုဆောင်ဒုဥက္ကဌ ယောင်ဂင်ပါ့ခ်ကတော့ " pixel ပမာဏ ပိုများပြီး ပိုပြီး အဆင့်မြင့်လာတဲ့ နည်းပညာတွေကြောင့် Samsung ရဲ့ ဒီ sensor သစ်တွေဟာ နေ့တိုင်းကျွန်တော်တို့ရဲ့ မှတ်တမ်းတင်မှုကို ပြောင်းလဲအဆင့်မြှင့်တင်ပေးဖို့ဓါတ်ပုံနည်းပညာ နောက်တစ်ဆင့်ကို ခေါ်ဆောင်လာပါလိမ့်လို့ဆိုပါတယ်။ " လို့ပြောပါတယ်။

64MP ကင်မရာအာရုံခံစနစ်ဟာ super phase detection auto-focus (PDAF) နည်းပညာ ပံ့ပိုးထားပြီး 480fps ဗွီဒီယိုရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် အလင်းအားကောင်းတဲ့ ပတ်ဝန်းကျင်ကနေ အလင်းရယူနိုင်မှု ပိုမြင့်မားတဲ့ Dual Conversion Gaing (DCD) sensor ကိုလည်း သုံးထားတယ်လို့ကုမ္ပဏီက ကြေညာထားပါတယ်။ 48MP sensor မှာလည်း DCG support ပေးထားပြီး super PDAF မြင်ကွင်းချိန်တဲ့ နည်းပညာ သုံးသွားမှာပါ။ 

         လက်ရှိမှာ 48MP ကင်မရာပါတဲ့ ဖုန်းတွေအနေနဲ့Samsung ၊ Huawei ၊ OPPO ၊ Vivo ၊ Xiaomi နဲ့တစ်ခြားဖုန်းတစ်ချို့မှာ သုံးလာကြပြီ ဖြစ်ပါတယ်။ 64MP ကင်မရာကိုတော့ Samsung အနေနဲ့၂၀၁၉ ဒုတိယ ၆ လအတွင်း အကြီးအကျယ် ထုတ်လုပ်မှု စတင်သွားဖို့မျှော်လင့်ထားပါတယ်။ တစ်နည်းအားဖြင့် ၂၀၁၉ နောက်ပိုင်းထွက် flagship ဖုန်းတွေမှာ 64MP ကင်မရာ သုံးသွားမယ့် သဘောဖြစ်ပါတယ်။

Photo: mashable

         အစောပိုင်းက Lenovo Z6 Pro အကြောင်း ပေါက်ကြားလာတဲ့ သတင်းတွေထဲမှာ 100MP ကင်မရာကို သုံးသွားမယ်လို့ဆိုပါတယ်။ ဒါကလည် Qualcomm ရဲ့ ထုတ်ကုန်အကြီးတန်း ဒါရိုက်တာ ဂျပ်ဟီပီကနေ ၂၀၁၉ အတွင်း 64MP ကနေ 100MP ကင်မရာအထိ သုံးတဲ့ စမတ်ဖုန်းတွေ ထွက်လာမယ်လို့ပြောခဲ့ပြီးနောက် သတင်းထွက်ခဲ့တာ ဖြစ်ပေမယ့် Lenovo Z6 Pro တရားဝင်မိတ်ဆက်ချိန်မှာတော့ 100MP ကင်မရာ မသုံးဘဲ 48MP ကင်မရာပါတဲ့ quad lens ကင်မရာစနစ်ကို သုံးသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က