သြဂုတ်လ ၂၉ ရက်နေ့ကြေညာမှာပါ
Nyein Min Wai

Xiaomi ရဲ့ sub-brand တစ်ခု ဖြစ်တဲ့ Redmi ဟာ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ Quad Camera စနစ်သုံး စမတ်ဖုန်းသစ်ကို ကြေညာတော့မှာပါ။

Redmi Note 8 Pro နာမည်နဲ့မိတ်ဆက်သွားမယ့် ဖုန်းမှာ ကျောဘက်ကင်မရာ ၄ လုံးတွဲ စနစ် ပါလာဖို့ရှိပြီး ကင်မရာတွေကို ဖုန်းကျောဘက် အလည်မှာ ထောင်လိုက်ပုံစံနဲ့တပ်ဆင်သွားမယ်လို့ဆိုပါတယ်။ Redmin Note 7 series မှာ 48MP ကင်မရာဟာ ဆွဲဆောင်မှုကောင်းခဲ့သလို Redmi Note 8 series မှာလည်း 64MP ကင်မရာဟာ စမတ်ဖုန်းပရိတ်သတ်တွေ စိတ်ဝင်စားမှု ရဖို့ရှိပါတယ်။

Photo: India Today

ဒီတစ်ပတ်ထဲမှာ OPPO ရဲ့ sub-brand သစ် Realme ဟာ Realme 5 နဲ့Realme 5 Pro တို့ကို ကြေညာခဲ့ပြီး ဒီဖုန်းတွေဟာ Quad Lens စနစ်သုံး တန်ဖိုးနည်း ဖုန်းတွေအဖြစ် ဈေးကွက်ထဲ ဝင်ရောက်လာတာပါ။ Redmi ကလည်း Redmi Note 8 နဲ့Note 8 pro ဖုန်းသစ်တွေကို mid-range ဈေးနဲ့မိတ်ဆက်ဖို့ရှိပါတယ်။

Redmi Note 8 မှာတော့ Samsung ထုတ် 48MP ISOCELL Bright GM2 sensor သုံးဖို့ရှိပြီး pro ဗားရှင်းမှာ 64MP ကင်မရာ သုံးမယ်လို့သတင်းထွက်နေပါတယ်။ ဒီဇိုင်းအနေနဲ့Redmi Note 8 စီးရီးဟာ Redmi K20/K20 pro တို့နဲ့ဆင်ပြီး ဘေးဘောင်တွေကိုလည်း curved အခုံး ဒီဇိုင်း သုံးသွားဖို့ရှိပါတယ်။

Photo: GSMArena

Redmi Note 8 Pro ဟာ ကျောဘက်အလယ်မှာ ထောင်လိုက် ၃ လုံးတွဲ ကင်မရာနဲ့အတူ ညဘက်ဘေးမှာ LED flash နဲ့စတုတ္ထမြောက် ကင်မရာ sensor တစ်ခု သုံးလာဖို့ရှိနေပါတယ်။ processor အနေနဲ့Helio G90T processor နဲ့လာပြီး 18W Fast charging ပါတဲ့ 5000 mAh ဘက်ထရီ သုံးမယ်လို့သတင်းထွက်နေပါတယ်။

ဂိမ်းဖုန်းတွေလိုမျိုး အရည်အအေးခံနည်းပညာကို Redmi Note 8 Pro မှာ ပါလာဖို့ရှိပြီး under-display လက်ဗွေစနစ်ကိုတော့ သုံးလာဖို့မရှိပါဘူး။ Redmi Note 8 Pro ဟာ မျက်နှာပြင် ၆.၃ လက်မ LCD display သုံးမယ်လို့သတင်းတွေ ထွက်ထားပေမယ့် တရားဝင် မိတ်ဆက်ရက် ရောက်မှ အချက်အလက် အပြည့်အစုံ သိရမှာ ဖြစ်ပါတယ်။


က္က