၂၅၅ ယူရိုဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်၊
Nyein Min Wai

Motorola ဟာ Moto G9 Plus နာမည်နဲ့ ဘက်ဂျက်ဖုန်းတစ်လုံးကို မိတ်ဆက်သွားဖို့ ရှိပါတယ်။

Roland Quandt ရဲ့ Twitter မှာ Moto G9 Plus အကြောင်း အချက်အလက်တစ်ချို့ တက်လာတာပါ။ Moto G9 Plus ဟာ 64MP main ကင်မရာ ပါတဲ့ လေးလုံးတွဲကင်မရာနဲ့ 5000 mAh ဘက်ထရီအကြီးစား သုံးသွားမယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ Motorola ရဲ့ တတိယမြောက် G9 ဖုန်းဖြစ်ပြီး ဒီအရင်မှာ Moto G9 Play နဲ့ G9 တို့ ထွက်ထားပါတယ်။



Photo: XDA-Developers

Moto G9 Plus ဟာ မျက်နှာပြင် ၆.၈၁ လက်မ 1080p display နဲ့လာပြီး ရှေ့ဘက်မှာ punch-hole ဆယ်လ်ဖီကင်မရာတစ်ခု ပါရှိမယ်လို့ ဆိုပါတယ်။ Android 10 နဲ့ လာပြီး RAM 4GB/128GB storage ပါရှိမှာပါ။ storage အနေနဲ့ microSD card ကနေ ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ 64MP main sensor တစ်ခုပဲ သိထားပြီး ကျန်တဲ့ ကင်မရာသုံးလုံးရဲ့ resolution ကိုတော့ ပြောမထားပါဘူး။ ကျောဘက်ကင်မရာ Module ဟာ ထောင်လိုက်စတုဂံဒီဇိုင်း သုံးထားပါတယ်။ ဖုန်းဘေးဘောင် ပါဝါခလုတ်ဟာ Fingerprint scanner အဖြစ်လည်း သုံးနိုင်မှာပါ။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ 16MP selfie ၊ Snapdragon 730/730G processor သုံးသွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ ၂၅၅ ယူရို (မြန်မာငွေ ၄သိန်း)ခန့် ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။  


ဆက်စပ်အကြောင်းအရာများ


Author


က္က